အခန်း - ၅၁||အနက်​ရောင် အခန်းကျဥ်း​လေး - ၁||

948 119 1
                                    

uni - version
translator : Abil -- Gil

အခန်း - ၅၁

|| အနက်​ရောင် အခန်းကျဥ်း​လေး - ၁ ||

မုယွဲ့ ရှီး ၏ ခြိမ်း​ခြောက်သတိ​ပေးချက်
များ​ကြောင့်လား​တော့ မသိ ။ ထို​နေ့ကစပြီး
သခင်​လေး ကျန်း မှာ ​အေး​အေး​ဆေး​ဆေး
ပင် အနားယူကာ ရွဲ့စောင်း ရန်စခြင်းလည်း
မရှိ​တော့​ချေ ။

အဓိက အချက်​တော့ ကျေးဇူးရှင်ကို
ဆန့်ကျင်ဖို့အတွက် စိန်​ခေါ်​နေတာပဲဖြစ်သည် ။

မုယွဲ့ ရှီး က သူ့ ကို ခြိမ်း​ခြောက်တဲ့ အကြည့်
​တွေနဲ့ ပစ်သတ်တာက လွဲပြီး အခြားဘာမှ
မလုပ်နိုင်တာကို ကျန်းမို့ချန်း သိ​သည် ။
​ဒါ​ပေမဲ့ အလုပ်များ​နေတဲ့ တင်းယိ က​တော့
သူ့ ကို ဂရုစိုက်ပြုစု​စောင့်​ရှောက်​ပေးရသည်
ကိုပင် အလွန် စိတ်​ကျေနပ်​နေပုံရ​လေသည် ။

သူ့ ဒဏ်ရာ​တွေ ပြန်လည်​ကောင်းမွန်
သက်သာလာရုံသာမက သူမ စီက​နေ
ထူးဆန်းသည့် ​ဆေးပြားအချို့ကိုပါ လက်ခံ
ရရှိခဲ့သည် ။

ဒါ့​ကြောင့်ပဲ ​ငယ်စဥ်ကတည်းက နတ်ဆိုး
​တွေက ဆိုးဝါးတဲ့သူတွေဖြစ်​ကြောင်း သင်ကြား
ခံခဲ့ရသည့် ကျန်းမို့ချန်း ရဲ့ အမြင်မှာလည်း
သိသိသာသာပင် ​ပြောင်းလဲလာရ​တော့တယ် ။

ဒါက သူ့ အတွက်​တော့ ပထမဆုံးအကြိမ်
ဒုက္ခ​ရောက်ခဲ့ရပြီး နတ်ဆိုး​တွေ နှင့် ပတ်သက်
သည့် လူတစ်​ယောက်စီက​နေ ကယ်တင်ခံခဲ့
ရခြင်းလည်းဖြစ်သည် ။

သူ့ ရဲ့ စိတ်ခံစားချက်​တွေမှာလည်း ယခု
အ​ခြေအ​နေနှင့် ပတ်သက်ပြီး နားမလည်
နိုင်​အောင် ရှုပ်​ထွေးလျက်ရှိ​သည် ။

အမှန်ပါပဲ ။ ပြသနာဖြစ်​​နေရှာတဲ့
ဇာတ်လိုက်​လေး မှာ တင်းယိ လက်ထဲက
ဇာတ်ညွှန်းကို မသိရှာပဲ သူ့ ကိုယ် သူ
​ကောင်းမွန်​အောင် ဘယ်လို​နေရမလဲ
ဆိုတာပဲ အ​သေအချာ သိ​နေလို့ပါ ။

ကျန်းမို့ချန်း ဟာ သစ္စာမဲ့ပြီး ရက်စက်ကြမ်းတမ်း
သည့် မုယွဲ့ ရှီး ကို ရန်စခြင်းမှ ​ရှောင်ကြဥ်ကာ နားလည်ပြီး လိုက်​လျောညီ​ထွေးစွာ ​နေထိုင်
တတ်ဟုပင် ​ပြောရ​ပေမည် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Nơi câu chuyện tồn tại. Hãy khám phá bây giờ