အခန်း - ၆၅||ငါ နင့်အတွက်နေ​,​နေခဲ့တာ​လေ - ၂ ||

685 76 0
                                    

အခန်း - ၆၅

|| ငါ နင့်အတွက် ​နေ​,​နေခဲ့တာ​လေ - ၂ ||

သူ ငြင်းဆန်ချင်​သော်လည်း ဒီ​နေရာ
မှာ သူ​ရော, တင်းယိ ကပါ အာဏာမရှိ
သူဆိုတာကို သိထားတာ​ကြောင့် အ​ရေ
ထူလှသည့် ကျန်းမို့ချန်း ကိုသာ ကူကယ်
ရာမဲ့စွာဖြင့် ဓါး​မြှောင်​တွေလို စူးရှသည့်
အကြည့်​တွေဖြင့်သာ ကြည့်ခဲ့ရ​လေသည် ။

တင်းယိ မှာ မုယွဲ့ ရှီး စိတ်မ​ပျော်ရွှင်သည်
ကို ​မြင်​တွေ့ နိုင်တာ​ကြောင့် ကို့ရိုးကားယား
နိုင်စွာဖြင့်သာ ​ပြောလာတယ် : " တကယ်​
တော့အ​ကောင်းဘက်က​နေ​တွေးကြည့်မယ်
ဆိုရင် နင် မို့ချန်း နဲ့ ပို​ကောင်းတဲ့ရင်းနှီးမှု
ကိုတည်​ဆောက်နိုင်တာ​ပေါ့... "

" ငါ သူနဲ့ ပို​ကောင်းတဲ့ ရင်းနှီးမှု
ကို တည်​ဆောက်မ​နေချင်ပါဘူး " ။
မုယွဲ့ ရှီး က သုန်မှုန်စွာ ပြန်​ပြောလာ
သည် ။


သူ့ ရဲ့ သီးသန့်ဆန်ပြီး ထိခိုက်မခံလွယ်တဲ့
အကျင့်က လွယ်လွယ်နဲ့ ​ပြောင်းလဲလို့မရ
ဘူးပဲ ။ တင်းယိ သက်ပြင်းချလိုက်မိပြီး
စိတ်ရှည်လက်ရှည် နားချရန် ကြိုးစား
​​လေ​တော့သည် : " နင့် အသက်ရွယ်မှာ
တစ်​ယောက်တည်း သီးသန့်​နေတတ်တဲ့
အကျင့်ကမသင့်​တော်ဘူး ၊ လူများများ
နဲ့ ​တွေ့ ဆုံဆက်ဆံသင့်တယ် ။ ကျန်းမို့ချန်း
က ရင်းနှီးပြီးသား လူမို့လို မသိတဲ့သူ​
ထက်စာရင်​တော့ ပို​ကောင်းတယ်မဟုတ်လား ?
ပြီး​တော့ နင် နဲ့လည်း ဆရာတူညီအစ်ကို
​တွေဆို​တော့ နင် သူငယ်ချင်းဖွဲ့ သင့်တယ် "

မုယွဲ့ ရှီး မှာ တစ်ခုခု​ပြောချင်​ပေမဲ့လည်း
​နောက်ဆုံးမှာ​တော့ သူ့ နှုတ်ခမ်း​တွေကို
ပိတ်ထားလိုက်ပြီး စကားလုံး​တွေအား
ထိန်းချုပ်လိုက်သည် ။


တင်းယိ က မြန်မြန်ဆန်ဆန်ပဲ အနီးနား
ရှိ အခန်းကို ရှင်းလင်းလိုက်တယ် ။ သူမ
က ​နေခင်းအချိန်​တွေမှာ အလုပ်လုပ်
ခဲ့ပြီးတာ​ကြောင့် ကျန်းမို့ချန်း အတွက်
​နေထိုင်ရန်​နေရာ လျင်လျင်မြန်မြန်ပဲ
ရသွားခဲ့တယ် ။

မုယွဲ့ ရှီး ရဲ့ မျက်လုံး​တွေမှာ သူ့ မျက်နှာ
အမူအရာကို ထုတ်​ဖော်လို့မပြနိုင်သည်
အထိ မှုန်ကုပ်သွား​လေသည် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Donde viven las historias. Descúbrelo ahora