အခန်း - ၂၀||မင်း​ရော ငါ့ကို မုန်း​နေလား - ၂ ||

1.4K 163 1
                                    

အခန်း ​ - ၂၀

|| မင်း​ရော ငါ့ကို မုန်း​နေလား - ၂ ||

-------unicode - version -------
-------translator @kissmarry-Lulu --------

တင်းယိ က စိတ်ဆင်းရဲ​နေသည့် ပုံစံဖြင့်
​ခေါင်းကုတ်​နေ​တော့ မုယွဲ့ ရှီး မှာ ပြန်မှတ်မိရန်
အတွက် ခက်ခက်ခဲခဲကြိုးစားပြီး အထစ်ထစ်
​​ငေါ့​ငေါ့ဖြင့် ​​​ပြောလာသည် :
" ငါ နိုးလာ​တော့ မင်း ကို မ​တွေ့တာ
​ကြောင့် ငါ အရမ်းလန့်သွားခဲ့တာ ၊
ငါ မင်းကို လိုက်ရှာဖို့အတွက် အပြင်ကို ​ပြေး
ထွက်လာခဲ့တယ် .... ပြီး​တော့ ကိုယ့်ကိုကိုယ်
ဘာဖြစ်သွားလဲ​တော့ မသိဘူး , တစ်​ယောက်
​ယောက် က ငါ့ကို မင်းရှိတဲ့​နေရာကို ​ပြောပြ​ပေး
ခဲ့တယ် ။ နောက်​တော့ ငါ မင်းကို တကယ်
ရှာ​တွေ့ ခဲ့တာ "

တင်းယိ မှာ အဓိက စကားလုံးကို ပြင်းပြင်း
ထန်ထန်ဖမ်းမိလိုက်တာ​ကြောင့် သူမ ,
မျက်လုံး​တွေ​တောက်ပလာပြီး အလျင်တ​ဆော
​မေးလိုက်သည် ။
" တစ်​ယောက်​ယောက်က နင့် ကို ​ပြောပြ
တယ် , ဘယ်သူလဲ ? "

မုယွဲ့ ရှီး က သူ့ မျက်လုံး​တွေကို ​မှေးစင်း
လိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ပြန်​ဖြေလာ
ခဲ့တယ် ;
" ငါ မမှတ်မိ​တော့ဘူး "

သူ မမှတ်မိဘူးဆိုမှ​တော့ ​သူမ လည်း ဘာမှ
မလုပ်နိုင်​တော့​ပေ ၊ တင်းယိ မှာ သနားစရာ
​ကောင်းလိုက်တာလို့ ခံစားလိုက်မိ​ပေမဲ့လည်း
သူ့ ဆံပင်​တွေကို ပွတ်သပ်​ပေးရန်အတွက်
လက်ဆန့်ထုတ်​လိုက်သည် ။
" ​ မမှတ်မိရင်လည်း မစဥ်းစားနဲ့​တော့ ဟုတ်ပြီလား "

အနည်းဆုံး​တော့ ​ကျောက်စိမ်းက သူမ
လက်ထဲ အပျက်အစီးမရှိပြန်​ရောက်လာတာပဲ
မဟုတ်လား ။ ဒီလိုကိစ္စမျိုးက အလျင်စလို
လုပ်လို့မရ​​ချေ ၊ system ပြန်တက်လာတဲ့
အချိန်မှ ဘာ​​​တွေဖြစ်ပျက်​နေသည်ကို အ​သေချာ
​မေးရမယ် ။

ပြီးရင် system စီက​နေ ရသင့်ရထိုက်တာ
ပြန်​တောင်းရမှာပဲ ။

တင်းယိ မှာ အ​ခြေ​နေနဲ့ အချိန်ခါကို လိုက်​လျော
ညီ​ထွေးတတ်​အောင်​နေတတ်​ပေမဲ့လည်း
အခုချိန်မှာ​တော့ သူမ လွတ်လွတ်လပ်လပ်မလှုပ်ရှား
နိုင်တာ​ကြောင့် သတင်းအချက်အလက်​တွေကို
စုပ်စုနိုင်ရန် နည်းလမ်းမရှိ​ပေ ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now