အခန်း - ၆၁||မင်းတို့ နှစ်​ယောက်ကြားကဆက်ဆံ​ရေးကဘယ်လိုလဲ - ၂ ||

675 82 2
                                    

အခန်း - ၆၁

|| မင်းတို့ နှစ်​ယောက်ကြားက ဆက်ဆံ​ရေးက
ဘယ်လိုလဲ - ၂ ||

" ရမ်းကားလွန်းလိုက်တာ ! စာကြည့်တိုက်​
ကို ကျူး​ကျော်လာရဲတာ ဘယ်သူလဲ ? "
အပြင်မှာ ​စောင့်​နေသည့် သွမ်ယုကျင်းက
ကျယ်​လောင်စွာ ​အော်​​မေးလိုက်သည် ။

လုလီဟုန် ရဲ့ မျက်လုံး​တွေမှာတည်ငြိမ်​နေပြီး ကွဲပြားခြားနားမှုမရှိ​ချေ ။ သူ့ နှုတ်ခမ်း​ပေါ်
အပြုံးကမပျက်ဘဲ သူ့ လက်​ချောင်း​တွေကို
ပြန်ဆုတ်ခွာလိုက်ပြီး တင်းယိ ၏ နား အ​နောက်
မှာ ရှိ​နေသည့် ပင့်ကူအိမ်မျှင်​တွေကို တိတ်တဆိတ် ဖယ်ရှား​​ပေးလိုက်တယ် ။

အဲ့​နောက်မှာ​ သူ က လှည့်ထွက်သွား​တော့သည် ။

တင်းယိ မှာ​တော့ ​တွေ​ဝေစွာဖြင့် ယခု​လေး
တင် ဖြစ်ပျက်သွားခဲ့သည့် လုလီဟုန် ၏
အပြုအမူ​တွေကို စဥ်းစားလို့မရ​​သေး​ချေ ။

သူတို့​တွေ စာကြည့်တိုက်အ​ဆောင် မှ
ထွက်လာ​တော့ ရင်းနှီးသည့် မျက်နှာ နှစ်ခု
ကို မြင်​တွေ့ လိုက်ရသည် ။ တင်းယိ
လည်း  လုလီဟုန် ရဲ့ အ​နောက်က​နေ
လိုက်ပါလာခဲ့သည် ။ မုယွဲ့ ရှီး ၏ အံ့သြ
တုန်လှုပ်​နေပုံရသည့် မျက်နှာကို မြင်​တွေ့
ရချိန်မှာ​တော့ သူမ စိတ်ထဲက​နေ တိတ်တိတ်
​လေးသာ ငို​ကြွေး​နေ​တော့တယ် ။

ငါ့ကို အဲ့လို မကြည့်ပါနဲ့လား ။ တကယ်​တော့
ငါလည်း ဒီမှာ မ​နေချင်ပါဘူးဟယ် ။

လုလီဟုန်ကခပ်ဖွဖွပြုံးလိုက်ပြီး စာကြည့်
တိုက်​ဆောင် ၏ ဆင်ဝင်​အောက်ခြံအ​ရှေ့၌
ရပ်​နေသည့် လူ နှစ်​ယောက်ကိုကြည့်လိုက်
သည် ။

" ကြည့်ရတာ မင်းတို့ နှစ်​ယောက်က
အရင်ဦးဆုံး စမ်းသပ်မှုအဆင့်ကို ​အောင်မြင်
သွားတဲ့ပုံပဲ " ။ သူက တစ်ဝက်မျှသာ
​လောင်ကြွမ်း​နေ​သေးသည့် အ​မွှေးတိုင်အား
တစ်ချက်ကြည့်လိုက်ပြီး စိတ်​ကျေနပ်​တဲ့
မျက်လုံး​တွေဖြင့် ​ပြောလာတယ် , " မင်း
တို့နှစ်​ယောက် အချိန်အ​စောကြီး​ရောက်လာ
တာပဲ , မဆိုးဘူး "


" ဂိုဏ်းချုပ် ,တကယ်​တော့​ အ​နောက်မှာ
လူ​တွေ ကျန်​နေပါ​သေးတယ်..." သွမ်ယုကျင်း
က ရှင်းပြရန်အတွက် အ​ရှေ့ သို့ တိုးလာ
ခဲ့သည် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now