Uni - version
အခန်း - ၃၇
|| မင်းကို သူ့ ဝိဉာဥ်ပေးထားတယ် - ၁ ||
[ ဂုဏ်ယူပါတယ် ! ဖုံးကွယ်ထားသည့်
ဇာတ်ကြောင်း " အနောက်လမ်းမထက်က သရဲ
ခြောက်တဲ့ စံအိမ် " ကို ဖြေရှင်းပြီးပါပြီ ၊
စိတ်ဝိဉာဥ်ပေါင်းစပ်မှု ဖွဲ့စည်းပုံ ကို ပယ်ဖျတ်
နိုင်ခဲ့တာကြောင့် သင့် ရဲ့ ဇာတ်ကောင် ဖွံ့ ဖြိုးမှု
က 30 % တိုးတက်လာပါတယ် ။
ကြံစည်တိုးတက်မှု +10 , ဖွံဖြိုးတိုးတက်မှု
အမှတ် + 50 , EXP + 200 , ပစ်မှတ်၏
မှီခိုမှု + 1000 တိုးတက်လာပါတယ် ,
ပစ်မှတ် စိတ်ပိုင်းဆိုင်ရာအရေးပါသူအဖြစ် ပြောင်းလဲသွားပြီး နဲ့ အမြင့်ဆုံး ခိုင်မာတဲ့
ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့သည့် အတွက်
ဂုဏ်ယူပါတယ် ! system က အသုံးပြုသူ
ရဲ့ level ကို မြှင့်တင်ပေးမည်ဖြစ်ပါတယ် ။
ကောင်းမွန်ပါတယ် ! ကျေးဇူးပြုပြီး ဒီတိုင်းလေးပဲ
ဆက်ကြိုးစားပေးထားပါ ! ]တင်းယိ ရဲ့ စိတ်ထဲမှာ မီးရှူးမီးပန်း ဖောက်သံ
တွေ ဆူညံနေသော်လည်း သူမ ဂရုမစိုက်နိုင်ပေ ။သူမ က သတိမေ့နေပြီဖြစ်သည့် မုယွဲ့ ရှီး
ကို အမြန်ချီပိုးကာ အခန်းထဲကနေ ထွက်လာ
လေသည် ။ သူမ ဆုလာဘ်တွေကို စစ်ဆေး
နေဖို့ စိတ်ဝင်မစားချေ ။တင်းယိ မှာ သူ့ မျက်နှာပေါ်က သွေးတွေကို
သုတ်ပေးနေရင်း ငိုနေမိသည် ။ ဘယ်လိုလုပ်
ရမလဲ ? သူက သွေးထွက်လွန်နေပြီ
ပြီးတော့ အခုမှ ငယ်ငယ်လေးပဲရှိသေးတာ
အဲ့ဒီ့ယုတ်မာတဲ့ ဘုန်းကြီးစုတ် က တကယ့်ကို
စိတ်မရှည်နိုင်ဘူးလား !မုယွဲ့ ရှီး မှာ ဒဏ်ရာအပြင်းထန်ရခဲ့သလို
သူမ ၏ ဒဏ်ရာတွေမှာလည်း သေးငယ်လှသည်
မဟုတ်ပေ ။အမြဲတမ်း ဘေးထွက်နေရတဲ့ အမြှောက်စာ
ဇာတ်ကောင်လေးတွေ အတွက် အရေးကြီးဆုံး
က သူတို့အသက်ပဲဖြစ်သည် ။ယွမ်ခုန်း သေဆုံးပြီးနောက်မှာ ယခုပရမ်းပတာ
ဖြစ်နေသည့် " လျူ " စံအိမ် ၏ နောက်ဆက်တွဲ
ကိစ္စရပ်တွေကို လျစ်လျူရှုကာ တင်းယိ သူမတို့
အိမ်ကိုသာ အမြန်ပြေးပြန်လာခဲ့သည် ။
YOU ARE READING
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...