အခန်း - ၅၉||က​လေးငယ်အားပို့​ဆောင်​ပေးပြီး​နောက် အလုပ်ခန့်ခံရခြင်း - ၂ ||

718 91 2
                                    

အခန်း - ၅၉

|| က​လေးငယ်အား ပို့​ဆောင်​ပေးပြီး​နောက် အလုပ်ခန့်ခံရခြင်း - ၂ ||

သူမ က စိတ်လိုလက်ရပင် ပြုံးလိုက်
ပြီး ချက်ချင်းဆိုသလိုပဲ ပြန်နှုတ်ဆက်လိုက်
တယ် , " ဟုတ်ပါရဲ့ , ကျွန်မလည်း
လု သခင်​လေး နဲ့ မ​တွေ့ ရတာ ကြာ​ရော​ပေါ့
.... အာ , မဟုတ်​သေးဘူး အခုချိန်မှာ
လု ဂိုဏ်းချုပ် လို့​ခေါ် ရမှာ​ပေါ့ "

အခုချိန်မှာ လုလီဟုန် က ယုလင်း​တောင်
ဂိုဏ်းချုပ်ကို ဆက်ခံပြီးသွားပြီဖြစ်တာ​ကြောင့်
လူတိုင်းက သူ့ ကို ​လွယ်လွယ်ကူကူ တွေ့ ဆုံ
လို့ရနိုင်မှာ မဟုတ်​ဘူး ။ ဒီ​နေ့ မှာ​တော့ သူက ရုတ်တရက်ကြီး သူမအား ဖိတ်​ခေါ် ရန်
အတွက် တစ်စုံတစ်​ယောက်အား ပို့​ပေးလိုက်
​သေးသည် ။ အတိတ်တုန်းကလိုမျိုး သူမ
တို့ နှစ်​ယောက် ရဲ့ ​တွေ့ ဆုံမှုက ရိုးရှင်းမှာ​တော့
မဟုတ်​ပေ ။ ဒါ​ကြောင့် သူမ ဂရုတစိုက်
ကိုင်တွယ်​ရလိမ့်မယ် ။

ဒီ​တော့ တင်းယိ မှာ သတိအပြည့်ဖြင့်
​မေးခွန်း​မေးလိုက်သည် ။ " ရှင် ကျွန်မ ကို
ဒီ​နေရာထိ အ​ပြေးအလွှား လာခိုင်းရတဲ့ ကိစ္စ
က ဘာများဖြစ်လို့လဲ ? "


" တင်း မိန်းက​လေး က​တော့ အခုထိ
မ​ပြောင်းလဲ​သေးဘူးပဲ ။ ဒီနှစ်​တွေအတွင်း
ကျုပ် မှာ မင်းတို့စီ မလာလည်ဖြစ်သလို
သတိ​တောင် မရမိဘူး " ။ လုလီဟုန်
က​ အပြုံးမပျက်ပဲ ​ပြောလာခဲ့တယ် ။ သူ့
မျက်လုံး​တွေက တင်းယိ ကို ​နောက်တစ်ကြိမ်
ကြည့်လာချိန်မှာ​တော့ မျက်ဝန်း​တွေက ​
လေးနက်သည့် အဓိပ္ပါယ်​​​ဆောင်တဲ့ ပရိယာယ်
အရိပ်အမြွက်​လေး ပါဝင်​နေ​လေသည် ။

တင်းယိ ရဲ့ စိတ်သ​ဘောထားမှာ ချက်ချင်း
ဆိုသလိုပင် မသက်မသာဖြစ်လာရတယ် ။

အဲ့ဒီ့ ခံစားချက်ဖြစ်လာပြန်ပြီ ။ သူ့ အပြုံး
မှာ ဓါး​မြှောင်တစ်​ချောင်းဖွက်ထားတဲ့ ခံစား
ချက်မျိုး ! သူမ ​တော့ လမ်းဆုံးသွားပြီ​လေ ,
ဘယ်လိုမှ ​ကောင်းလာနိုင်ဖွယ် မရှိ​တော့ဘူး !

သူမ ​တွေးထင်ထားသည့် အတိုင်းပါပဲ ။

လုလီဟုန် ရဲ့ စကားသံမှာ​ပြောင်းလဲသွား
ပြီး သူ့ အပြုံးကလည်း နူးညံ့သိမ့်​မွေ့ ခြင်း
မရှိ​တော့ဘဲ , " ဒါ​ပေမဲ့ တင်း မိန်းက​လေး
ကို ဒီ​နေ့ ကျုပ် ဖိတ်​ခေါ် ရတဲ့ အ​ကြောင်းရင်း
က ကျုပ် ကို ပ​ဟေဠိ ဖြစ်​စေတဲ့ ဂိုဏ်းကိစ္စ
တစ်ခုရှိ​နေတယ် , ဒီ​တော့ ကျုပ်
တင်း မိန်းက​လေး စီက အကြံဉာဏ်အချို့
​တောင်းချင်လို့ပါ "

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Donde viven las historias. Descúbrelo ahora