အခန်း - ၇၀||သူ့ကိုဘာဖြစ်လို့ဒီ​လောက်ထိဂရုစိုက်​နေရတာလဲ ? - ၁||

387 52 2
                                    

အခန်း - ၇၀

||သူ့ကို ဘာဖြစ်လို့ ဒီ​လောက်ထိဂရုစိုက်​
နေရတာလဲ ? - ၁ ||

" သွားကြရ​အောင် " ။ အံကြိတ်ထား
သည့် ကြား​ထဲက စကားတစ်ခွန်းအား ဖွင့်​
လှစ်လာသည် ။

တင်းယိ အချိန်ထပ်ပြီး မဆွဲရဲ​တော့တာ​
​ကြောင့် သူ့အား မြန်မြန်ပဲ အပြင်သို့ ​ခေါ်
ထုတ်လာခဲ့သည် ။ သို့​သော်လည်း ပင်မ
တံခါး​​ပေါက်မှ ထွက်ရမည့်အစား သူမ
လာခဲ့သည့် လမ်း​ကြောင်းအတိုင်းဦးတည်
လိုက်သည် ။

သူမတို့​တွေ လွတ်​မြောက်ဖို့အတွက်
အ​တော်​လေး ကြိုးစားအားထုတ်ခဲ့ရ
သည် ။

တင်းယိ မှာ အနီးနား၌ မည်သူမျှ မရှိ​
ကြောင်း ​သေချာ​စေရန် လှည့်ပတ်ကြည့်ရှု
ပြီးမှ မုယွဲ့ ရှီး ကို အာရုံစိုက်ပြီး ​မေးမြန်း
လိုက်တယ် : " ဘယ်လို​နေ​သေးလဲ ?
နာ​နေ​သေးလား ? "

မုယွဲ့ ရှီး က သူ့ ​ခေါင်းကို ခါယမ်းပြလာ
တယ် ။ ထိခိုက်ဒဏ်ရာ မရှိ​သော်လည်း သူ့
အသက်ရှူသံ​တွေက ဖရိုဖရဲဖြစ်​နေကာ
ထိတ်လန့်စရာ ​ကောင်းသည့်အသွင်ဖြစ်
​နေ​လေ၏ ။ ၎င်းအ​ခြေ​နေက သူမတို့
​တွေ ယုလင်း​တောင်​ပေါ် မတက်ခင်ချိန်
တုန်းက တိုက်ခိုက်ခံရပြီး နတ်ဆိုးစွမ်းအင်
​တွေ စိမ့်ထွက်တုန်းက အ​ခြေ​နေနှင့် တူညီ
​ပေသည် ။

ငါ ဘယ်လိုလုပ်ရမလဲ ? ဒီ​နေရာက ယုလင်း
​တောင်  ။  တကယ်လို့များ တစ်​ယောက်
ယောက်သာ အခုလိုမျိုး သူ့ ပုံစံကို ​တွေ့ သွား
ခဲ့ရင် ဘယ်လို ​ဖြေရှင်းကြမလဲ ?

တင်းယိ မှာ အလွန်​ဒေါသ ထွက်ကာ စိုးရိမ်
​သောက ​ရောက်​နေ​တော့တယ် ။ သို့​သော်
လည်း ထိုချိန်မှာပဲ  အ​တော်ကြာသည်ထိ
​ပျောက်​နေသည့် system က ​နောက်ဆုံး
​တော့ ထွက်​ပေါ် လာခဲ့ပြီး အလွန်မတည်မငြိမ်
ဖြစ်​နေတဲ့ သတိ​ပေးချက်​တွေ ပါဝင်သည့်
အ​ရေး​ပေါ်  window တစ်ခုအား​​ ​ပေးပို့
လာကာ  :  ဒီ​နေရာမှာ အချိန်အကြာကြီး
မ​နေသင့်​ကြောင်း အကြံ​​ပေးလိုပါတယ် ,
ဒါ့​ကြောင့် ပစ်မှတ်ကို တတ်နိုင်သမျှ
အ​ဝေးကို မြန်မြန်​ခေါ် သွား​​ပေးပါ  ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now