အခန်း - ၂၆
|| သန်းခေါင်ချိန်မှ တေစ္ဆခေါက်တဲ့တံခါးသံ - ၂ ||
-------- uni - version ---------
-------- translator @Lulu ------------" တင်းယိ ! တင်းယိ ထပါဦး !! "
မုယွဲ့ ရှီး ရဲ့ စိုးရိမ်ပူပန်နေတဲ့ မျက်နှာလေး
က သူမ အာရုံထဲကို တဖြည်းဖြည်းဝင်ရောက်
လာလေသည် ။ တင်းယိ မှာ ရေနစ်နေသည့်
အမျိုးသမီးလို အသက်ကို ရှူနေမိသည် ။
သူမ မှာ ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး
သူမ မျက်လုံးတွေမှာ အခန်းတစ်ခုလုံးကို
စူးစူးစိုက်စိုက် ကြည့်နေခဲ့သည် ။ဘယ်သူမှမရှိဘူး ..... ။ ဒီနေရာမှာ မုယွဲ့ ရှီး
ကလွဲပြီး သရဲတေစ္တရဲ့ အရိပ်ယောင်တောင်
မမြင်ရဘူး ။ဒါဆို အိမ်မက် ,မက်နေတာလား ?
တင်းယိ မှာ နာကျင်နေတဲ့ သူမ ဦးခေါင်းကို
ပွတ်ရင်း ခက်ခက်ခဲခဲ ထလိုက်တယ် ။" ငါ အိပ်ပျော်သွားတာလား " လို့ တင်းယိ
မှာ ဇဝေဇဝါဖြင့် မေးလိုက်သည် ။မုယွဲ့ ရှီး ၏ မျက်နှာလေးပေါ်က စိုးရိမ်နေသေး
တဲ့ အရိပ်အယောင်တွေက မပျောက်သေး
ဘဲ ခေါင်းလေးညိတ်ရင်း ပြန်ဖြေလာသည် ;
" ငါ မင်းကို ခေါ်နိုးပေမဲ့ မင်းက နိုးမလာ
ဘူး ၊ ပြီးတော့ မင်းဘာသာ့ အော်ပြီး လန့်နိုး
လာတာ "သူက ပြန်ဖြေပေးလိုက်ရင်း , မုယွဲ့ ရှီး
ကြမ်းပြင်ပေါ် မှာ အနည်းငယ် ချိုင့်ဝင်သွားသည့်
နေရာကို ညွှန်ပြလိုက်သည် ။တင်းယိ မှာ နာကျင်စွာဖြင့် အံကြိတ်လိုက်မိတယ် ။
ဒီလောက်ထိနာနေတာ မထူးဆန်းတော့ဘူး !
မုယွဲ့ ရှီး မျက်နှာလေးက စိုးရိမ်ပူပင်မှုတွေပြည့်
နေတာ တွေ့ လိုက်တော့ တင်းယိ မှာ သူမ
နှုတ်ခမ်းတွေကို စိတ်အေးလက်အေးဖြစ်အောင်
ပြုံးပြလိုက်ရင်း ချော့မော့လိုက်သည် ;
" ငါ အဆင်ပြေပါတယ် ၊ ပင်ပန်းလွန်းတာ
ကြောင့် အိမ်မက်ဆိုး ,မက်နေမိတာ ။
နင့်ရော ဘာလို့ မအိပ်သေးတာလဲ , အိပ်တော့ "မုယွဲ့ ရှီး က ကုတင်ပေါ်မှာ လူးလှိမ့်လိုက်ပြီး
သူ့ မျက်လုံးတွေကတော့ လေးနက်စွာဖြင့် :
" မအိပ်ချင်သေးဘူး ၊ ငါ မင်းကို
အဖော်ပြုပေးမယ်လေ "
CZYTASZ
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomansTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...