အခန်း - ၂၇||ဒီသရဲ​ခြောက်တဲ့ အိမ်မှာ​တော့မ​နေနိုင်ဘူး - ၁||

1.1K 159 6
                                    

အခန်း - ၂၇

|| ဒီသရဲ​ခြောက်တဲ့ အိမ်မှာ​တော့မ​နေနိုင်ဘူး - ၁||

-------- uni - version ---------
-------- translator @Lulu ------------

တင်းယိ မှာ တံခါးပို၍ , ပို၍ လှုပ်ခါလာသည်ကို
​တွေ့ လိုက်ရချိန်မှာ​တော့ သူမ မျက်နှာဟာ
ပြာနှမ်းသွားခဲ့ပြီး သူမ ၏ နှလုံးခုန်သံမှာလည်း
လှုပ်ခါ​နေသည့် တံခါး နှင့်အပြိုင်​ဖြစ်​နေ​တော့
သည် ။

သူမ က မုယွဲ့ ရှီး ကို တင်းတင်းကြပ်ကြပ်​ပွေ့
ဖက်ထားပြီး က​လေးငယ် အား အသက်ရှူကြပ်
လုနီးပါး ဖက်တွယ်ထား​သော်လည်း က​လေးငယ်
က​တော့ တစ်ချက်​လေးမျှ မ​ကျေမနပ်ဖြစ်သည့်ပုံ
မရှိ​ချေ ။

မုယွဲ့ ရှီး မှာ တုန်ယင်​နေသည့် တင်းယိ ကို
ကြည့်ပြီး သူမ ကို နှစ်သိမ့်​ပေးချင်​နေ​လေ၏ -
မ​ကြောက်ပါနဲ့ ။

တင်းယိ ၏ စိတ်ထဲမှာ အလန့်တကြား လစ်ဟ
​နေပြီး သူမ တစ်ကိုယ်လုံးမှာလည်း တုန်ယင်​နေ
​လေသည် :
" ငါ ဘာလုပ်ရမလဲ ၊ ငါ ဘာလုပ်ရမလဲ ? "

တံခါး က အချိန်မ​ရွေး ကျိုးပဲ့သွားနိုင်သည့်
အ​ခြေအ​နေမှာရှိ​လေသည် ။

မုယွဲ့ ရှီး က စက္ကန့်အနည်းငယ်အကြာမှာ​တော့
တိုးတိုး​လေး ​ပြောလာသည် -
" ငါ မ​ကြောက်ပါဘူး "

" ဘာရယ် ? "

မုယွဲ့ ရှီး ရဲ့ မျက်လုံး​တွေက မှိန်သွားပြီး ​စော​စောက
သူ ​ပြောခဲ့သည့် စကားကို ​နောက်တစ်ကြိမ်
ထပ်​ပြောလာသည် :
" ငါ အဲ့ဒါကို မ​ကြောက်ပါဘူး ၊ ဒါ​ကြောင့်
ငါ့ကို လွှတ်​ပေး သူ့ ကို သွား​မောင်းထုတ်​ပေးမယ် "

ထိုသို့​သော ​အရာ​တွေထက် သာလွန်မြင့်မြတ်
သည်က သူ၏ မျိုးနွယ်သဘာဝအတိုင်းခံစား
ရခြင်းဖြစ်သည် ။ ဒါကြောင့်လည်း သရဲ တ​ေစ္ဆကို ​ကြောက်ရွံ့ တဲ့ နတ်ဆိုး ဟူ၍ မရှိ​ချေ ။

ဒါ​ပေမဲ့လည်း ဒါက သီအိုရီ အရပဲဖြစ်သည် ။
စိတ်ဝိဉာဥ်က​နေ ထုတ်လွှတ်လိုက်တဲ့ နာကျည်းမှု
​တွေက ရုပ်ပစ္စည်းဖြစ်တဲ့ အခန်းတံခါးကို​တောင်
လှုပ်ခတ်သွားနိုင်သည် ။ ဒါကို ဘယ်လိုလုပ်
တင်းယိ က သူမ ကိုယ် သူမ မုယွဲ့ ရှီး အားအပြင်
ထွက်ခွင့်​​ပေးရမှာတုန်း ? ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now