အခန်း - ၅၇
|| ဒီကိုလာခဲ့ - ၅ ||
နောက်ဆုံးမှာတော့ ကျန်းမို့ချန်း မှာ
သူ့ ရဲ့ ရှာဖွေမှုတွေကို စွန့်လွှတ်လိုက်ရပြီး
မုယွဲ့ ရှီး ကိုသာ ပြန်လည် အာရုံစိုက်ရ
တော့သည် ။သူ က အေးစက်စက်ပဲ ခြိမ်းခြောက်ခဲ့
သည် ။ " မင်း နေနှင့်ဦးပေါ့ကွာ ,
ငါ့မှာ မင်းအတွက် နည်းလမ်းတွေအများကြီး
ရှိတယ် ။ မင်း တစ်ခုခုလုပ်ရင်တော့
ငါ .... "မုယွဲ့ ရှီး ; " အဲ့တော့ မင်းဘာလုပ်မှာလဲ ? "
ကျန်းမို့ချန်း မှာ တစ်စက္ကန့်လောက်
ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့
ပြီးမှ : " မင်းကို ယုလင်း တောင်ပေါ်
မသွားနိုင်အောင် ငါ လုပ်မှာ "ထို ခြိမ်းခြောက်မှုက အမှန် ဟုတ် , မဟုတ်
ကျန်းမို့ချန်း တစ်ယောက်တည်းသာ သိပေ
လိမ့်မည် ။ တစ်ရက်ပြီး တစ်ရက်
နေ့တွေက လျင်လျက်မြန်မြန်ပဲ ကုန်ဆုံး
သွားခဲ့ပြီး မကြာခင်မှာပဲ ယုလင်း တောင်
၌ တပည့်လက်ခံမည့် အချိန်ရောက်ရှိလာပြီ
ပဲဖြစ်သည် ။တင်းယိ မှာ ထိုအချိန် ကို အမြဲတမ်း
စောင့်မျှော်နေခဲ့ရပြီး သူမလည်း ပြင်ဆင်
ထားပြီးပြီဖြစ်သည် ။ အချိန်ကျသည်နှင့်
တပြိုင်နက်တည်း များပြားလှသည့် အထုပ်
အပိုးတွေနဲ့ ထွက်ခွာလာပြီပဲဖြစ်သည် ။ကျင့်ကြံရေး၌ မုယွဲ့ ရှီး အာရုံထွေပြား
ခြင်းမရရှိဘဲ ရုတ်တရက်ဖြစ်ပေါ်လာ
နိုင်သည့် ပြသနာတွေအတွက် သူမ အချိန်
တော်တော်ကြာကြာကပင် ပြင်ဆင်ထားခဲ့
ပြီးပြီပဲဖြစ်လေသည် ။အင်း , သူမ က ကလေးထိန်း
တစ်ယောက်အဖြစ် မွေးဖွားလာတာပါပဲ !ကျန်းမို့ချန်း ကိုတော့ တစ်စုံတစ်ယောက်
က တစ်လ အချိန်စောပြီး လာခေါ် သွားတာ
ကြောင့် သူ က ထွက်သွားနှင့်ပြီ ။အိမ်အရှေ့ မှာ ပန်းကန် အပေတွေကို
ခန့်ခန့်ညားညား ဆေးကြောနေချိန်မှာ
သူ့ မျိုးနွယ်စုဝင် တစ်ယောက် အား မြင်တွေ့
လိုက်ချိန်မှာတော့ ချက်ချင်းဆိုသလို သူ့ ရဲ့
မာနကြီးသည့် သခင်လေး အသွင် ပြောင်းလဲ
သွားကာ ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်လိုက်သွား
တော့တယ် ။
YOU ARE READING
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...