uni - version
အခန်း - ၄၀
|| Boss ရဲ့ အပြစ်ကို ခံယူပါရစေ - ၂ ||
တင်းယိ စိတ်ထဲကနေ လှောင်ရယ်ပြောနေ
သော်ငြားလည်း အချိန်တော်တော်ကြာသည်
အထိ တုံ့ပြန်သံ ကို မကြားရပေ ။စိတ်ရှုပ်ထွေးစွာနဲ့ သူမ ခေါင်းကို မော့ကြည့်
လိုက်တော့ ရေကန်လို နက်ရှိုင်းနေတဲ့ မျက်လုံး
တွေဖြင့် လုလီဟုန် က စိုက်ကြည့်နေသည်
ကို တွေ့ လိုက်ရတာကြောင့် အံ့သြသွားသည် ။
သူ့ ရဲ့ ကြည်လင်နေတဲ့ မျက်လုံးတွေက စူးရှ
ပြီး အနည်းငယ် အေးစက်နေသည့် ခံစားချက်ကို ပေးစွမ်းနေသည် ။ စကားတစ်ခွန်းမှ ပြောမလာ
ဘဲ ရုတ်တရက်ဆိုသလို အနားကို တိုးကပ်လာ
ခဲ့သည် ။တင်းယိ မှာ ထိတ်လန့်သွားကာ " ဘာ ..
ဘာဖြစ်လို့လဲ ? "လုလီဟုန် ရဲ့ ရေခဲတွေလို အေးစက်နေတဲ့
မျက်ဝန်းတွေက အနည်းငယ်ကျဥ်းမြောင်းသွား
ပြီး " တင်း မိန်းကလေး ရဲ့ နတ်ဆိုးစွမ်းအား
တွေက ...... ကြည့်ရတာ နည်းနည်းပြောင်းလဲ
သွားတယ် "တင်းယိ ချွေးအေး တွေ စိမ့်ထွက်လာတော့
တယ် ။ လု သခင်လေး , ရှင် ဘာလို့
ဒီလောက်တောင် အမြင်တွေစူးရှနေရတာလဲ ?
ကျွန်မ နဲ့ Boss စာချုပ် , ချုပ်ထားတာ
ရှင် သတိထားမိသွားပြီလား ?!လေထုက ချက်ချင်းဆိုသလိုပဲ အေးစက် လာကာ
အဆင်မပြေဖြစ်လာတော့သည် ။ လုလီဟုန် ,
သူ့ လက်ကို မြှောက်လိုက်သည့် အချိန်မှာပဲ
ရုတ်တရက်ဆိုသလို သူ့ အနောက်ကနေ ဝါးတိုင်
တွေ ပြုတ်ကျလာသည့် အသံကို ကြားလိုက်တယ် ။နှစ်ယောက်သား အသံထွက်လာတဲ့ နေရာကို
လှမ်းကြည့်လိုက်ကြသည် ။လမ်းထောင့်မှာရှိနေသည့် ပြန့်ကျဲနေပြီဖြစ်တဲ့
ဝါးတိုင်တွေ အလယ် မှာ အသက်ရှူမဝဘဲ
တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်နေပေမဲ့လည်း
ခေါင်းမာပြီး ရပ်နေသည့် ပုံရိပ်သေးသေးလေး
ကို တွေ့ လိုက်ရတယ် ။တင်းယိ မှာအံ့သြသွားလေသည် ။ " ယွဲ့ .. ယွဲ့ ရှီး ? "
မုယွဲ့ ရှီး ကို တွေ့ လိုက်ရသည်နှင့် တင်းယိ
ဘာမှကို ဂရုစိုက်မနေတော့ဘဲ အလျင်မြန်
ပြေးကာ ပြိုလဲကျနေပြီဖြစ်တဲ့ ခန္ဓါကိုယ်လေး
ကို ပွေ့ ဖက်လိုက်ရင်း ကြေကွဲနေမိသည် :
" နင့် ဒဏ်ရာတွေ နာနေသေးလား ?
ဘာလို့ အပြင်ကို ထွက်လာရတာလဲ ?
ဘယ်လိုနေသေးလဲ ? နင့် ခေါင်းရော ထိသွား
သေးလား ? နာနေလား ? "
BẠN ĐANG ĐỌC
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
Lãng mạnTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...