အခန်း - ၈
《 ဒီနေ့ကစပြီး ကလေးတစ်ယောက်ကို
ပြုစုပျိုးထောင်ရတော့မယ် - ၃ 》Uni-version
Translator -@kissmarry-Lulu .
--------------------------တင်းယိ မှာ အမြီးကို တက်နင်းမိတဲ့ ကြောင်လေး
တစ်ကောင်နှင့်ပင်တူနေပြီး သူမ က တုံ့ဆိုင်း
ခြင်း မရှိပြန်ပြောလာခဲ့သည် ;
ဒါက ဘယ်လိုလုပ် တရားမဝင်တာဖြစ်ရမှာလဲ ? ။
ငါက လူတွေကို ဒုက္ခပေးနေတဲ့ မကောင်းဆိုးဝါးကို
သတ်ပေးလိုက်တာပါ ok တယ်နော် ? ။ငါက ဒီမှာရှိနေတဲ့ အစ်ကိုတွေ , အစ်မတွေ
အတွက် ကလဲ့စားချေပေးခဲ့တာပါနော် ၊ ဒီလို
အသေးအမွှားဆုလာဘ်လေးလို ဘာကြောင့် တွန့်တို
နေရတာတုန်း ? ၊ အဲ့ဒါ့အပြင် ကလေး တစ်ယောက်
ကို ပြုစုပျိုးထောင်ရတာ ဘယ်လောက်တောင် ခက်ခဲ
လဲဆိုတာ ဒီက အဘိုးအဘွားတွေသိခဲ့ရင်လည်း
သေချာပေါက် ငါ့ကို နားလည်ခွင့်လွှတ်ပေးအုန်းမှာ ။ဒီအသုံးမကျတဲ့ ငြင်းခုံမှုကြီးက တကယ့်ကို အဓိပ္ပါယ်
တော့ရှိနေလေသည် ။system မှာ ချီတုံချတုံဖြစ်သွားတော့သည် ။
တင်းယိ က အခြားသေရည်အိုးမှ ဒင်္ဂါးပြား နှစ်စေ့
ကို ထုတ်ကာ သူမ ရဲ့ အိတ်ကပ်ထဲကို ကျွမ်းကျင်
စွာ ထည့်လိုက်သည် ။ အဲ့ဒီ့နောက်မှာတော့ သူမ က
ဝမ်းနည်းနေဟန်ဖြင့် ;
ငါလေးလည်း ကြိုးစားရုန်းကန်နေတာပါပဲနော် ၊
လူတစ်ယောက်ရဲ့ ထမင်းစရိတ်က ဘယ်လောက်စျေးကြီးလဲ ငါလည်းမသိဘူး ။ system ,
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ
ဘယ်လောက်ကုန်ကျလဲ နင်သိလား ? ။ ငါက ဆင်းရဲတာ မှန်ပေမဲ့ နင် ငါ့ရဲ့ အကျင့်စာရိတ္တကို အပြစ်ရှာချင်နေတာချည်းပဲ ။ system , နင်ကလေ တကယ့်ကို မကောင်းတဲ့သူ။system: .....
system မှာတော့ ဒေါသထွက်ရလွန်းလို့
offline သာလုပ်ထားလိုက်တော့သည် ။တင်းယိ ကတော့ အဲ့ဒါကို လစ်လျူရှုလိုက်ပြီး
အိမ်ရဲ့ ထောင့်နေရာတိုင်းမှာ လိုက်ရှာဖွေတော့သည် ။
မထင်မှတ်မိသည်က သူမ တကယ်ကြီး အခြားအရာ
တွေကိုလည်း ရှာတွေ့ ခဲ့လေသည် ။ သူမ က
ကံမကောင်းစွာနှင့် မကောင်းဆိုးဝါးအိုကြီးစီ ပြေးဝင်သွားခဲ့ပေမဲ့လည်းကံကြမ္မာရဲ့ သေးငယ်တဲ့ မျက်နှာသာပေးမှုကိုတော့ ရရလိမ့်မယ်လို့
မထင်ထားပေ ၊ ဒါက ကွယ်ဝှက်နေတဲ့
ကောင်းချီးပေးမှုပဲ ။
YOU ARE READING
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...