အခန်း - ၃၉ || Boss ရဲ့ အပြစ်ကို ခံယူပါရ​စေ - ၁ ||

1K 138 0
                                    


uni - version

အခန်း - ၃၉

|| Boss ရဲ့ အပြစ်ကို ခံယူပါရ​စေ - ၁ ||

ဒါက အမြင်အာရုံ လှည့်စားခြင်း မဟုတ်​ပေ ။
အငြိုးကြီးသည့် တ​ေစ္ဆ​ပျောက်ကွယ်မသွား
ခင်မှာ တစ်ခုခု​ပြော​နေတာကို တင်းယိ
ကြားလိုက်ရသည် ။

လျူ လူကြီးမင်း က ဘာဖြစ်တယ် ?

သူမ ဘာကို​ပြောချင်တာလဲ ? ငါတို့
​တွေ ​ပြောလို့ မပြီး​သေးဘူး​လေ ။

တင်းယိ သူမ နှလုံးသားထဲက မ​ကျေမနပ်
ဖြစ်မှုကို ခံစားလိုက်ရတယ် ။ သူမ ရဲ့ အမြင်အာရုံ
​တွေ ​ပျောက်ဆုံးသွားသလိုမျိုး သူမ ​၏ ဦး​ခေါင်း
ကို ​မော့ကြည့်လိုက်ချိန်မှာ​တော့ ရုတ်တရက်ဆို
သလို နံရံ​ပေါ် မှာ နား​နေသည့် အနက်​ရောင်
ကျီးကန်း တစ်​ကောင် ကို ​တွေ့ လိုက်ရသည် ။
ကျီးကန်း ရဲ့ နီရဲ​နေသည့် မျက်လုံး​တွေက သူမ
ကို ထူးဆန်းစွာ စိုက်ကြည့်​နေခဲ့သည် ။

အဲ့ဒီ့​နေရာမှာ နား​နေပြီး သူမ ကို ရပ်ကြည့်
​နေသည်မှာ ဘယ်​လောက်ကြာ​နေပြီမှန်းလဲ
သူမ မသိ​ချေ ။

တင်းယိ တုံ့ပြန်လိုက်သည့် အခိုက်တန့်မှာ
အနက်​ရောင် ကျီးကန်း က ရုတ်တရက်ပဲ သူ့
အ​တောင်ပံ​တွေကို ဖြန့်ကာ ပျံသန်းသွားခဲ့သည် ။

အဲဒါက.... မူမမှန်ဘူး !

တင်းယိ က ချက်ချင်းပဲ အ​နောက်က​နေ
​ပြေးလိုက်သွားသည် ။ ယုတ္တိရှိရှိ​​​ပြောရမယ်
ဆိုလျှင် သူမ ရဲ့ အလုပ်က ပြီးသွားပြီဖြစ်
သည် ။ သူမ ၏ အင်အား​တွေကို တခြား
ကိစ္စ​တွေမှာ ဝင်​ရောက် စွတ်ဖက်ပြီး​တော့
ဖြုန်းတီး​နေစရာ မလို​တော့​ပေ ။

သို့​သော်လည်း ဒီ အနက်​ရောင် ကျီးကန်း
က ထူးဆန်းသည် ဟု ခံစားမိတာ​ကြောင့် သူမ
လျစ်လျူရှုပြီး​တော့ မ​နေနိုင် ။

အဲ့ဒီ့အရာက ​စောင့်ကြည့် ကင်မရာ တစ်လုံး
လို ​ပေါ် လာတာ မဟုတ်​ပေမဲ့လည်း တင်းယိ
ဒီကိစ္စကို မ​ကောင်းသည့်အရာလို ခံစား​နေရသည် ။
အ​ကြောင်းမှာ ထို ကျီးကန်း စီက​နေ နတ်ဆိုးစွမ်းအား
​တွေ ထွက်​ပေါ်​နေသည်ကို သူမ မြင်​​တွေ့ လိုက်
ရတာ​ကြောင့်ဖြစ်သည် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now