အခန်း - ၄၄|| မင်း အဖြစ်ချင်ဆုံး ဆန္ဒကဘာလဲ ? - ၂ ||

976 124 2
                                    


အခန်း - ၄၄

|| မင်း အဖြစ်ချင်ဆုံး ဆန္ဒကဘာလဲ ? - ၂ ||

တင်းယိ မှာ သူမ ၏ ဝါးကုလားထိုင်​ပေါ် ဝင်လှဲ
လိုက်ပြီး system အား ​သေ​သေချာချာ
​မေးခွန်းထုတ်လိုက်သည် : ဒီနှစ်ထဲမှာပဲ
ဒါနဲ့ဆိုရင် တစ်​စုံတစ်​ယောက် က ငါ့ကို
​အောင်သွယ်​တော်လာလုပ်​ပေးတာ ( ၂၈ ) ကြိမ်
​မြောက်ပဲ ။ နင် သူတို့​တွေကို ဆင်ဆာ
( censor ) လုပ်လို့မရဘူးလားဟယ် ?

system က​တော့ ​အေးတိ​အေးစက်နဲ့သာ
ပြန်​ပေးလာခဲ့သည် ။
မလုပ်​ပေးနိုင်ပါဘူး ၊ မင်း ကိုယ်တိုင်
ရှင်းလင်းဂရုစိုက်နိုင်တဲ့ ကိစ္စ​တွေကို ငါက
အကူအညီမ​ပေးနိုင်ပါဘူး

ဒါကိုကြား​တော့ တင်းယိ က ဟန်​​ဆောင်ပန်​ဆောင်
ဖြင့် တုံ့ပြန်လိုက်တယ် ; သူတို့​တွေ
ရဲ့ ပျားရည်စကားလုံး​တွေထဲ ငါ ​ပျော်ဝင်
သွားမှာ မစိုးရိမ်ဘူးလား ? ငါ့အသက်အရွယ်​လေး
က စတင်ဖူးပွင့်​နေဆဲ အရွယ်​နော် , ဒီလိုအသက်
အရွယ်​မှာ မိန်းက​လေး တစ်​ယောက်က
လွယ်လွယ်ကူကူ လမ်းလွဲ​ရောက်သွားတတ်တယ်ဟဲ့

system က​တော့ တည်ငြိမ်​အေးချမ်းစွာ
ပြုံး​နေသည့် emoji ( 😊 ) ​လေးတစ်ခု
ပို့​ပေးလာပြီး ​ပြောလာ​လေသည် ။
မင်းရဲ့ တာဝန်ကို တစ်ဝက်တစ်ပျက် နဲ့
စွန့်လွှတ်ရင် မင်း acc အဖျတ်ခံရမှာ​နော် ၊
မင်း စမ်းကြည့်ရဲလား ?

တင်းယိ : " .... "

အ​ပြောထက် အလုပ်က ပို၍ခက်ခဲသည် ။
တင်းယိ က အပြင်ပိုင်းတွင်မက အတွင်းစိတ်
ကပါ သူရဲ​ဘော​ကြောင် သူတစ်​ယောက်ဖြစ်သည် ။

သူမ မှာ မုယွဲ့ ရှီး နှင့် ​အေး​အေးချမ်းချမ်း ​နေနိုင်
ရန်အတွက် များစွာကြိုးစား အားထုတ်ထား
ရပြီး မကြာခင် အချိန်မှာပဲ သူ , ​တောင်​ပေါ်
သို့ သွားကာ ကျင့်ကြံအားထုတ်ရ​တော့မှာပဲ
ဖြစ်သည် ။ ထို့​ကြောင့် သူမ မည်သည့်အမှား
ကိုမှ မလုပ်ရဲပါ​ချေ ။

တင်းယိ , သူမ ရဲ့ လက်​ချောင်း​တွေဖြင့် ​နေ့ရက်
​တွေကို လက်ချိုးပြီး ​ရေတွက်​နေသလို
တစ်ချိန်တည်းမှာပဲ မုယွဲ့ ရှီး ၏ တိုးတက်မှု bar
မှ ကိန်းဂဏန်း​တွေကိုလည်း ​စောင့်ကြည့်ခဲ့သည် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Donde viven las historias. Descúbrelo ahora