အခန်း - ၈၀ ||ငါ့ကိုအရင်လွှတ်ပေးလှည့်ပါဦး - ၃||

437 58 3
                                    

အခန်း - ၈၀

||ငါ့ကိုအရင်လွှတ်ပေးလှည့်ပါဦး - ၃||

ဟယ့်လျှိုယန်း မှာ ဘာမှမဖြစ်ခဲ့သလို
ရပ်နေသည့်  မုယွဲ့ ရှီး အား ရှက်ရွံ့
စွာဖြင့် စိုက်ကြည့်လိုက်ပြီး တင်းယိ
ကို ပြန်ကြည့်ကာ ဒေါသတကြီးဖြင့်
ခြေဆောင့်လိုက်သည်  :  “   နင်
စောင့်နေလိုက် !   ”

ဒေါသတကြီး အော်ဟစ်ပြောဆို
ပြီးနောက်မှာတော့ တောင့်တောင့်
တင်းတင်းဖြင့် ပြန်သွားတော့သည် ။

ဝူကျိနန်းတော်ရဲ့ ချောမောလှပသည့် 
အမျိုးသမီးတပည့်ခေါင်းဆောင်
မှာ ဆိုးဝါးတဲ့ အနံ့အသက် ရွှံ့တွေ
ဖြင့်  ဖုံးလွှမ်းနေသည်   ။  သူမ ပုံစံ
မှာ အလွန်ကို ညစ်ပတ်ပေကျံနေပြီး
အလွယ်တကူပဲ အခြားသူတွေရဲ့
အာရုံကို ဆွဲဆောင်နိုင်လေသည်   ။

ဟယ့်လျှိုယန်း မှာ  အခုကိစ္စက
သူမ အမှားမကင်းတာကြောင့် သူမ
ဒေါသကို မျိုချရုံကလွဲပြီး မရှိ  ။
ဒီတော့ သူမ ဖန်တီးလိုက်သည့်
ပြဇာတ်က  ရှုပ်ယှက်ခတ်သွား
ခြင်း မရှိချေ     ။

သို့သော်လည်း လူတော်တော်
များများက ပတ်ဝန်းကျင်မှာ ရှိနေ
တာကြောင့် အဖြစ်ပျက်တွေကိုတော့
မြင်သွားကြသည်   ။

‌ဒါပေမဲ့ ဖြစ်ရပ်ကို အသေးစိတ်
မမြင်ရသည့်သူတွေရဲ့ အပေါ်
အခြေခံမည်ဆိုလျှင် မုယွဲ့ရှီး
အတွက် အချင်းချင်း အတိုက်ခံ
လုပ်နေသည့် မိန်းကလေးနှစ်ဦးကိုသာ ။ --

ထိုအချိန်မှာပဲ အမြင့်တစ်နေရာ၌
ရှိနေကြသည့် သူတွေကလည်း ထို
မြင်ကွင်းကို အဝေးနေရာ၌ တွေ့
လိုက်ကြရသည်  ။ 

ဖွဲ့စည်းမှုပုံစံအား စတင်တော့မည့်
လုလီဟုန် မှာ ထိုသေးငယ်သည့်
ပုံရိပ်သွင်လေးကို ကြည့်ကာ
တိတ်တဆိတ်ပဲ ပြုံးနေခဲ့သည် ။

ချန်ယုဝမ် မှာ တည်ကြည်သိက္ခာ
ရှိသည့်  လုလီဟုန် က သူ့ နှုတ်ခမ်း
တွေ ချိတ်လုနီးပါး ပြုံးနေသည်ကို
ရုတ်တရက် ‌တွေ့ လိုက်ရတော့
အံ့အားသင့်ကာ ပဟေဠိဖြစ်သွား
ပြီး မေးလိုက်သည်  :   “  မင်း
ဘာတွေ သဘောတကျဖြစ်နေ
တာလဲ  ?   ”

လုလီဟုန်က ခေါင်းအသာ ခါယမ်း
လိုက်ပြီး မထူးဆန်းသလို ပြောလာ
သည်  ။   “   ဒီတိုင်း စိတ်ဝင်စားစရာ
ကောင်းတဲ့သူ တစ်ယောက်ကို တွေ့
လိုက်ရလို့ပါ  ”

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Opowieści tętniące życiem. Odkryj je teraz