အခန်း - ၆၄
|| ငါ နင့်အတွက် နေ,နေခဲ့တာလေ - ၁ ||
တင်းယိ ရဲ့ မျက်လုံးတွေမှာ စိုးရိမ်ပူပင်မှု
တွေဖြင့် ပြည့်နှက်နေခဲ့တာကြောင့်
မုယွဲ့ ရှီး မျက်ဝန်းတွေထဲက အနေရခက်
စေသည့် ခပ်စူးစူးအကြည့်တွေကို မမြင်ခဲ့
ရချေ ။မုယွဲ့ ရှီး ၏ ဘယ်ဘက်ရင်ဘတ်ခြမ်းက
ဒဏ်ရာကို သူမ ကြည့်လိုက်တယ် ။
သေသေချာချာကို ကာမနတ်ဆိုးက
သူ့ နှလုံး ကို ဦးတည်ပြီး ပစ်မှတ်ထား
ခဲ့တာပဲ ။ သူမ ရည်ရွယ်ချက် မအောင်မြင်
ပေမဲ့ မုယွဲ့ ရှီး ကို ဒဏ်ရာရအောင်တော့
လုပ်နိုင်ခဲ့သည် ။အဲ့ဒီ့နတ်ဆိုး က ကြောက်စရာမကောင်း
တဲ့ပုံစံဖြစ်နေသော်လည်း မူရင်းဇာတ်လမ်း
ထဲ၌ မုယွဲ့ ရှီး ၏ အတွင်းနတ်ဆိုးကို ပထမ
ဆုံး အစပျိုးပေးသည့် အန္တရာယ်ရှိသည့်
အရာပဲဖြစ်သည် ။စောစောတုန်းက ကျန်းမို့ချန်း အနီးနား
မှာရှိနေသေးတာကြောင့် သူမ မမေးနိုင်
ခဲ့သည့် မေးခွန်းအား သူ ထွက်သွားပြီ
ဖြစ်တော့မှ သူမ အသံအားလျော့လိုက်
ကာ : " ပွဲကြည့်စင်ထဲက ကာမနတ်ဆိုး
ကို နင်တကယ်ပဲ သတ်ခဲ့တာလား ? "မုယွဲ့ ရှီး က မငြင်းဆန်ပဲ ခေါင်းညိတ်
ပြလာသည် ။တင်းယိ ရဲ့ စိတ်ခံစားချက်တွေမှာ ရှုပ်
ထွေးနေခဲ့ပြီး အခုချိန်မှာ မကောင်းဆိုးဝါး
က သေဆုံးသွားသည်မှာ အမှန်ပင် ။မုယွဲ့ ရှီး မှာ သူမ ရဲ့ အနည်းငယ် ဘဝင်
မကျသည့် အမူအရာတွေကို သတိပြုမိ
တာကြောင့် မေးလိုက်သည် ။
" ဘာဖြစ်လို့လဲ ? "နင်က ကျန်း သခင်ငယ်လေး သရုပ်
ဆောင်ရမဲ့ ဇာတ်ကွက် ကို သရုပ်ဆောင်
သွားမှတော့ အခု ဇာတ်ကြောင်းက ဘယ်လို
ဆက်ပြီးတော့ သွားမှာလဲ ငါ မသိတော့ဘူး
လို့ !သူမ မှာ မုယွဲ့ ရှီး ကို သေချာပေါက်
အဲ့လိုပြောလို့မရတာကြောင့် သူမ ၏
ဖရိုဖရဲဖြစ်နေတဲ့ စိတ်ခံစားချက်တွေအား
ထိန်းချုပ်လိုက်ပြီး မုယွဲ့ ရှီး ကို စိတ်သက်
သာရာရစေရန် နူးနူးညံ့ညံ့လေးပဲ ပြော
လိုက်သည် : " ဘာမှမဟုတ်ပါဘူး ။
နင် အဆင်ပြေတယ်ဆိုတော့ ငါ စိတ်
သက်သာရာရသွားပါပြီ "
BẠN ĐANG ĐỌC
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
Lãng mạnTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...