အခန်း - ၂၉
|| အဆိုးတကာ အဆိုးဆုံးပဲ, ငါတို့တွေ တေစ္ဆ နဲ့
ညှိနှိုင်းကြမယ် - ၁ ||-------- uni - version ---------
-------- translator @Lavendar__kitty------ဖြတ်သွားကြတဲ့ လမ်းသွားလမ်းလာတွေမှာ
အမျိုးသမီး နဲ့ ကလေး စုံတွဲကိုကြည့်ပြီး
အချင်းချင်း ညည်းတွားနေလေသည် ။လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်ကပင် မူးဝေ
နေရတဲ့ တင်းယိ မှာ လူအများရဲ့ ထူးဆန်းသည့်
အကြည့်တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်
နေရသည် ။ ဒီထက်ပိုပြီး ထူးဆန်းသည်မှာ
လူတိုင်းက သူမတို့အကြောင်းကို ပြောဆိုနေကြ
သော်လည်း ဘယ်သူကမှ သူမတို့နှင့် စကားပြောရန် မဝံ့ရဲကြပေ ။ဒီကလူတွေ အားလုံး အမြင်အာရုံချို့ယွင်း
နေကြတာလားဟ ? ။ ဘာဖြစ်လို့ သူမ
ကို သရဲတစ်ကောင်မြင်နေရသလို ဖြစ်နေကြ
ရတာတုန်း ? ? ?မုယွဲ့ ရှီး က တင်းယိ ရဲ့ အင်္ကျီစကို
ဆွဲကိုင်လာပြီး တိုးတိုးလေးပြောလာခဲ့တယ် :
" တင်းယိ , အဲ့ဒီ့ ဆိုင်ရှင်က အမှန်ပြော
နေတာ မလိမ်ဘူး "တင်းယိ မှာ မျက်လုံးတွေ မှိတ်လိုက်ပြီး
သက်ပြင်းချလိုက်မိသည် :
" ဖြစ်နိုင်တယ် ၊ ကြည့်ရတာ ငါတို့တွေ
ဒီအိမ်ကို ပြန်အပ်လို့ မရတော့ဘူးနဲ့ ထင်တယ် "မုယွဲ့ ရှီး က အပြစ်ကင်းစင်တဲ့ မျက်လုံးလေး
တွေဖြင့် ကြည့်လာပြီးပြောလိုက်သည် ။
" ဒါဆိုလည်း ငါတို့တွေ ပြန်မအပ်ကြ
ရအောင်လေ "မုယွဲ့ ရှီး ၏ စကားကြောင့် တင်းယိ ရဲ့ စိတ်ရှုပ်
ထွေးနေတဲ့ မျက်နှာလေးမှာ အနည်းငယ်
ရှင်းလင်းသွားပုံရသည် ။ သူ ဘယ်လောက်ထိ
ငြိမ်သက်နေလဲဆိုတာ မြင်လိုက်ရတော့ တင်းယိ
ရဲ့ စိုးရိမ်စိတ်တွေက အနည်းငယ်လျော့ပါး
သွားခဲ့သည် ။သူမ ရဲ့ အခြေအနေကို လက်ခံလိုက်ပြီးနောက်
မှာတော့ တင်းယိ က မုယွဲ့ ရှီး ကို သူတို့ရဲ့
အိမ်စီပြန်ခေါ်သွားခဲ့ပြီး လမ်းတလျှောက်လုံး
မေးခွန်းတွေ မေးလာသည် ;
" ငါတို့ အဲ့ဒီ့အိမ် မှာ ဆက်နေရင် အဲ့ သရဲက
ညတိုင်း သန်းခေါင်အချိန်မှာ လာ,လာလည်နေ
လိမ့်မယ် ဒါကို နင် မကြောက်ဘူးလား ? "
BẠN ĐANG ĐỌC
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
Lãng mạnTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...