အခန်း -၁၂
《 တာဝန်ကို ငြင်းဆန်ခြင်းက အလွဲသုံးစား
မှုကို ဦးတည်စေနိုင်တယ် - ( ၁ ) 》Translator -@ Lavendar ___ kitty
Unicode -versionအနက်ရောင်သွေးမျက်ရည် ကျောက်စိမ်း ,
ဒီပစ္စည်းကို နတ်ဆိုး တစ်ထောင် ရဲ့ နှလုံးသား
လို့ လူသိများကြပြီး Big Boss ဖြစ်တဲ့ မုယွဲ့ ရှီး
၏ ကိုယ်ပိုင် ပစ္စည်းတစ်ခုဖြစ်သည် ။ ၎င်းက
နတ်ဆိုးကျင့်ကြံသူတွေ အတွက်တော့ အဆင့်မြင်
မှော်လက်နက် ၊ လူသတ်လက်နက် ဒါမှမဟုတ်
ခိုးဝှက်မှုတွေအတွက် မရှိမဖြစ် အရေးပါလိုအပ်တဲ့
လက်နက် တစ်ခုဖြစ်သည့်အပြင်
အမျိုးသမီးဇာတ်လိုက်ကို ချုပ်နှောင်
ထားရန်အတွက်ပါ အသုံးပြုတဲ့ အနက်ရောင်
အခန်းငယ်လေး တစ်ခုပါဖြစ်သည် ။၎င်းအရာက အလုံးစုံအစွမ်းထက်တဲ့ ကျောက်ဆွဲသီး
တစ်ခု ဆိုတာယုံမှားစရာကို မရှိပေ ။တင်းယိ မှာ စိတ်လှုပ်ရှားစွာနဲ့ပဲ သူမ ခေါင်း
ကို ငုံ့ထားလိုက်တယ် ။ လိမ်လည်လှည့်ဖြားတတ်
တဲ့ code လေးရဲ့ မျက်နှာအစစ်အမှန်ကို လေ့လာ
ပြီးတဲ့နောက်မှာတော့ သူမ ရဲ့ မျက်လုံးထောင့်တွေက
တုန်လှုပ်သွားပြီး သူမ ရဲ့ အမူအရာမှာ ရှုပ်ထွေးနေတာကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေလေ၏ ။* t/n - မူရင်းထဲက Biss Boss ဖြစ်သူရဲ့
ဇာတ်ကောင်က လိမ်လည်လှည့်ဖြားတတ်တာ
ကြောင့် ကျောက်စိမ်းက အစစ်အမှန်အလားဆိုတာ
ဝေခွဲမရဖြစ်နေတာပါနော် *ဘာကြီး ၊ ဒါက တကယ်ပဲ အစစ်ကြီးလားဟဲ့ ?
system ကတော့ အေးစက်စက်သာပြန်ဖြေ
လာခဲ့သည် ;
လုံးဝကို အစစ်ကြီးsystem ကိုယ်တိုင်ကိုယ်ကျ သက်သေမခံဘူး
သာဆိုရင် သူမ ၎င်းအရာကို အစစ်ဖြစ်မယ်လို့
မထင်မှာ အသေအချာသာဖြစ်တယ် ၊ ၎င်းအရာ
က မီးသွေး နှင့်ပင် ဆင်တူနေလေသည် ,
သေသေချာချာပြောရရင် အဲ့ဒီ့အရာက သိုးခြေရာ
နဲ့တောင် ခပ်ဆင်ဆင်ဖြစ်နေပြီး အစွမ်းထက်လှတဲ့
ပစ္စည်းနဲ့တောင် လုံးဝကို တူမနေဘူး ။ ဒါပေမဲ့
မူရင်းစာအုပ်ထဲမှာနဲ့ သူ့သေခြင်းတရားမှာတောင်
အဲ့ဒီ့အရာက လေ နဲ့ မိုးကို ဆင့်ခေါ်နိုင်တဲ့အပြင်
သခင်လေးမု ရဲ့ နတ်ဆိုးစွမ်းအင်တွေကိုပါ တွန်းလှန်
နိုင်တဲ့ Super အဆင့် နတ်ဘုရား လက်နက်တောင်
ဖြစ်လာသေးသည် ။
ESTÁS LEYENDO
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...