အခန်း - ၄၅
|| ဇာတ်လိုက် နှင့် ဗီလိန်တို့ရဲ့ ပျော်ရွှင်ဖွယ်
တွေ့ ဆုံခန်း - ၁ ||အိပ်ယာမဝင်ခင် တင်းယိ မှာ ပုံမှန်မဟုတ်
သည့် အခြေအနေ သတိပေးချက်အကြောင်း
မေးချင်သော်လည်း system မှာ off - line
ဖြစ်နေပုံရသည် ။အိပ်ယာပေါ်မှာ ဝင်လှဲချလိုက်ရင်း အိမ်ခေါင်မိုး
အား စိုက်ကြည့်ကာ ခုနက ပြောခဲ့သည့် မုယွဲ့ ရှီး
ရဲ့ စကားကို တွေးနေမိသည် ။ရိုးရိုးသားသား မညာစတမ်း ဝန်ခံရမည်ဆိုလျှင်
သူမ ဒီ ကမ္ဘာမှာ နှစ်ကာလရှည်ကြာစွာ
နေထိုင်ရပြီးနောက်မှာတော့ သူမ ရဲ့ အရင်ဘဝ
တုန်းက ' အိမ် ' ဆိုသည့်အရာကို မေ့လျော့
နေပြီပဲဖြစ်သည် ။ point တွေ အလုံအလောက်
စုဆောင်းပြီး အိမ်ပြန်ရဖို့အတွက် system
ရဲ့ တာဝန်တွေကို အလွန်ကြိုးစားအားထုတ်
ခဲ့ပေမဲ့လည်း သူမ ရဲ့ ဘဝအကြောင်းကို
တွေးတောပြီးနောက်မှာတော့ အရင်ဘဝ
ကိုပြန်သွားချင်ရသည့် အကြောင်းပြချက်ကို
စတင်တွေးလာမိသည် ။သူမ ရဲ့ ယခင် အိမ် က တိုက်ခန်းလွတ်တစ်ခု
သာဖြစ်သည် ။ အဲ့ဒီ့နေရာမှာ သူမ ကို
ဂရုစိုက်ပေးမည့်သူ မရှိသလို သူမ ဂရုစိုက်ရ
မည့်လူလည်း တစ်ဦးတစ်ယောက်မှ မရှိချေ .....သူမ ထိုအကြောင်းကို တွေးလိုက်မိသည်နှင့်
ပို ,ပိုပြီးတော့ စိတ်မသက်မသာ ခံစားရ
သည် ။ ဒါ့ကြောင့် သူမ ရဲ့ အတွေး
ရထားကို ရပ်တန့်လိုက်ပြီး တင်းယိ မှာ သူမ
၏ မျက်နှာကို စောင်ဖြင့်ခြုံလိုက်တော့တယ် ။
ညသန်းခေါင်အချိန်ကျော်လွန်မှ သူမ အိပ်မော
ကျသွားခဲ့သည် ။တစ်ချိန်တည်းမှာပင် နံဘေးရှိအခန်းမှာ
ဖယောင်းတိုင်မီးတွေ လင်းထိန်နေသော်လည်း
အခန်းထဲမှာ လွတ်ဟ နေလေသည် ။နောက်နေ့ မနက် တင်းယိ အိပ်ယာနိုးလာချိန်
မှာတော့ မုယွဲ့ ရှီး ကို အိမ်ရဲ့ မည်သည့်
နေရာမှာမှ မတွေ့ ရပေ ။ မီးဖိုချောင်
ထဲသွား ကြည့်ချိန်မှာတော့ မီးဖိုပေါ် မှာတင်
ထားသည့် စားစရာအချို့ ကိုသာ တွေ့ လိုက်
ရသည် ။
ŞİMDİ OKUDUĞUN
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomantizmTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...