အခန်း - ၇၃ || အရမ်းဘက်လိုက်တာပဲ - ၂ ||

409 49 5
                                    

အခန်း - ၇၃

|| အရမ်းဘက်လိုက်တာပဲ - ၂  ||

တင်းယိ  မှာ လုလီဟုန် ရဲ့  မျက်နှာ
အား ဂရုတစိုက်ကြည့်ကာ အကဲခတ်
နေချိန်မှာပဲ  သူ့  အမူရာတွေက
အေးစက်နေမှန်း တွေ့  လိုက်ရသည် ။
သူမ မှာ ' တဒိန်းဒိန်း 'ခုန်ပေါက်နေတဲ့
နှလုံးလုံးခုန်သံနဲ့ အတူ ကမန်းကတန်း
ပြောလိုက်တယ် :  "  ကျွန်မ ပေါ့ပေါ့
တန်တန်ပဲ မှန်းဆမိတာပါ  ၊ ဒီကိစ္စ
တွက် သက်သေလည်း မရှိပါဘူး
ကျွန်မ တမင်သက်သက် သန့်စင်ခြင်း
ဆေးဂိုဏ်းကို  ကျိန်ဆဲနေတာ မဟုတ်
ရပါဘူး  ။  ဒီကိစ္စကိုလည်း လု ဂိုဏ်းချုပ်
ပဲ ဆုံးဖြတ်‌ရမှာပါ    "  

လုလီဟုန် ရဲ့ အမူရာက ပုံမှန်ပြန်ဖြစ်
သွားလေသည်  ။  သူက ပြုံးလိုက်
ပြီး ပြောလာသည်  "  တင်း မိန်းကလေး , စိတ်ပူစရာမလိုပါဘူး   ကျုပ်ကို
အထင်မလွဲပါနဲ့  "

"  တင်း မိန်းကလေးရဲ့  လေ့လာ
တွေ့  ရှိမှုနဲ့  သုံးသပ်ချက်တွေက
တကယ့် ကို  ကောင်းမွန်ပါတယ်   " ။
တင်းယိ ရဲ့  ထိတ်လန့်နေသည့် အမူရာ
ကို ကြည့်ရင်း စိတ်ပျက်စွာဖြင့်
ခေါင်းခါယမ်းလာကာ "  သံသယ
ဖြစ်စရာကောင်းတဲ့သူက စီနီယာ
အစ်ကို ချန် တော့ မဖြစ်နိုင်ဘူး   ၊
အဲ့ဒီ့အချိန်တုန်းက စီနီယာအစ်ကို
က ကျုပ်နဲ့ အတူရှိနေပြီး   သူ နဲ့
ပတ်သက်တဲ့ ထူးထူးခြားခြား
ကိစ္စတွေလည်း ဘာမှမတွေ့ ရဘူး  "

တင်းယိ က သူမ နှုတ်ခမ်းတွေကို
လှုပ်ရှားလိုက်ပြီး  '  သူ့ တပည့်တွေ
ကို ခိုင်းတာ ဖြစ်လောက်မယ် ' ဟု
ပြောရန် ကြိုးစားလိုက်သည်  ။

သို့သော်လည်း သူမ မပြောနိုင်ခင်
အချိန်လေးမှာပဲ  လုလီဟုန် က  သူမ
အား အပြုံးမျက်နှာဖြင့် စကားဝိုင်း
ခေါင်းစဉ်အား ပြောင်းလဲလိုက်သည် ။
"   ဒါပေမဲ့လည်း ဒီကိစ္စက တစ်နည်းနည်း
နဲ့ကို သံသယဖြစ်စရာကောင်းသေးတာကြောင့် အသေးစိတ်မဆွေးနွေးခင်
စီနီယာအစ်ကို ချန် သတိရလာတဲ့
အချိန်ထိ စောင့်ကြတာပေါ့   ။ တင်း
မိန်းကလေးက တကယ့်ကို သဲလွန်စ
အသေးမွှားကိုအစ စုံစမ်းနိုင်စွမ်း
ရှိတာပဲ  ,  ‌မင်းကို ပေးထားတဲ့
တောင်တံခါးတံမြက်စည်းလှည်း
တာဝန်က မင်း နဲ့ မအပ်စပ်လှဘူး ၊
မင်း ဘာဖြစ်လို့ စာကြည့်တိုက်ဆောင်
မှာ မနေချင်ရတာလဲ  ?    " 

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Opowieści tętniące życiem. Odkryj je teraz