uni - version
အခန်း - ၃၆
|| Boss နှင့် ပွဲကြီးပွဲကောင်း - ၂ ||
သူ၏ အမူအရာက ရက်စက်ကြမ်းတမ်းသည့်
အသွင်ပြောင်းလဲသွားပြီး အေးစက်စွာ
အော်ဟစ်လာသည် : " ဒီအဘိုးကြီး က
သူတို့ အပြစ်တွေအတွက် သေမင်းစီ အချိန်နည်း
နည်းစောစောလေး ပို့ပေးလိုက်တာပဲရှိတာ ၊
ကောင်မစုတ်လေး မင်းကြောင့်သာ မဟုတ်ရင်
ဖွဲ့စည်းပုံက ပြီးသွားလောက်ပြီ ဒီလူအိုကြီး
က မလိုအပ်ဘဲ သွေးစွန်းမခံချင်ပေမဲ့ မင်း
က သူ့ ကို ရွေးချယ်စရာမရှိအောင်လုပ်တာပဲ ! "ထိုသို့ပြောပြီးသည် နှင့် ယွမ်ခုန်း ကျန်းရန်
က တင်းယိ အပေါ် သို့ လက်သိုင်းကွက်ထုတ်
ကာ တိုက်ခိုက်လာသည် ။ဒီ boss ရဲ့ စွမ်းအား က လူတွေကို ခြောက်လှန့်
သည် အငြိုးကြီး တေစ္ဆ နှင့် နှိုင်းယှဥ်လျှင်
အလွန်ပင် ကွာခြားသည် ။တင်းယိ မှာ ရှောင်ရှားချိန်ပင် မရလိုက်ဘဲ အနီး
အနားရှိ သစ်လုံးတိုင်စီသို့ လွှင့်သွားလေသည် ။
သူမ သွေးတွေ အန်ထွက်လုနီးပါး ခံစားလိုက်
ရသည် ။system စီက အကာအကွယ်စနစ် ကိုသာ
မတောင်းထားဘူးဆိုရင် အခုချိန်မှာ သူမ
က သေချာပေါက်ကို အသားစင်းကော ဘဝ
ရောက်နေမှာ အမှန်ပင် ။system က သူမ ကို တိုက်တွန်းလာသည် :
မင်း အရင်ဆုံး ဖွဲ့စည်းပုံကို ဖျတ်စီးဖို့ အာရုံစိုက်
ထားသင့်တယ်အခု စကားပြောဖို့အတွက် နောက်ကျသွား
ပြီဖြစ်သည် ။ အဓိကရည်ရွယ်ချက်က
ယွမ်ခုန်း ကျန်းရန် ၏ မျက်နှာဖုံးကို ခွာချရန်
နှင့် မှော်နက်ကို ဖျတ်စီးရန်ဖြစ်သည် ။တင်းယိ က ပါးစပ်ထဲက သံဓါတ်အရည်တွေ
ကို လည်ချောင်းထဲပြန်မျိုချရင်း အံကြိတ်ကာ
မတ်တပ်ရပ်လိုက်တယ် ။ သေခြင်း နှင့် ရှင်ခြင်း
ကို ဆုံးဖြတ်ပေးနိုင်သည့် ယွမ်ခုန်း ကျန်းရန် ၏
မဆုတ်မနစ်တဲ့ တိုက်ကွက်တွေကို ခုခံဖို့ကြိုးစားရင်း
ချဥ်းကပ်ရန် မက်မွန်သစ်သားဓါး ကို ဆွဲထုတ်
လိုက်သည် ။
ESTÁS LEYENDO
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...