အခန်း - ၃|| ငါ​လေး အကျင့်ပျက်တဲ့ က​လေး ကိုမလိုချင်ဘူး - ၁||

2.4K 286 2
                                    

Uni - version
Traslator - @kissmarry -Lulu

~~~~~~~~

အခန်း -
( ငါ​လေး အကျင့်ပျက်တဲ့ က​လေး ကိုမလို
ချင်ဘူး - ၁ )

_______________________________

ခက်ခက်ခဲခဲနဲ့ရထားတဲ့ ​ဆေးရည် ကို ဒင်း​လေး
က ​မြေကြီး​ပေါ် သွန်ချရုံနဲ့တင် အားမရ​သေးလို့
သူမ ကိုပါ ​လောင်းချတယ်တဲ့​လေ ။ လွန်ခဲ့
တဲ့ အနှစ် ၂၀ လုံးလုံး သူမ ရဲ့ ဘဝမှာ အ​သေးအဖွဲ့
ပစ္စည်း​လေး​တွေကအစ မဖြုန်းတီးပစ်ပဲ ​​ခြွေ​ခြွေတာတာ​နေတဲ့ တင်းယိ အတွက်​တော့ ဒါက နာကျင်ခံစားရပြီး သူမ ပုံစံကို ပုံပျက်ပန်းပျက်​ဖြစ်​စေသည် ။

ဒီညစ်ပတ်တဲ့ မိသားစုကလာတဲ့ က​လေးစုတ်
က​တော့ ! ။

ဒီဟာ​လေးက ငယ်ငယ်​လေးနဲ့​တော်​တော့ကို ​ခေါင်းမာ
တာပဲ ၊ ဒီလိုပုံစံနဲ့ ဗီလိန်တစ်​ယောက်ရဲ့ ရက်စက်ကြမ်း
ကြုတ်တဲ့ အကျင့် က​ပေါ်လာတာ​ပေါ့​လေ ။

ဒီ မရင့်ကျက်​ အကျင့်ပျက်တဲ့ က​လေး ကို သင်ခန်းစာ
တစ်ခု​ပေးမှရမယ်လို့ တင်းယိ ​တွေးလိုက်သည် ။ ဒါမှ
​ခက်ခက်ခဲခဲနဲ့ရထားတဲ့ အရာ​တွေကို ဖြုန်းတီးတာ
ဘယ်​လောက်​တောင် ဆိုးဝါးလဲဆိုတာ ဒင်း သိမှာ ။

တင်းယိ က single mother တစ်​ယောက်က
သားဖြစ်သူကို ဆုံးမရမည်ဟူ​သော ဥပမာကို
သူမ စိတ်နှလုံး၌သွင်းလိုက်သည် ။ အဲ့ဒီ​နောက်မှာ
သူမ က သူမ မျက်နှာကို အေးအေးဆေးဆေးပင်
သုတ်လိုက်ကာအင်္ကျီလက်ကို လှပ်လိုက်ပြီး ရှင်းပြခွင့်​တောင်မ​ပေးဘဲ မှောင်မှိုက်​နေသည့် မျက်လုံး​တွေနှင့်အနာဂတ် ဗီလိန်​လေး ကို တွန်းချလိုက်သည်။

' ဖက် ! '

နုနယ်တဲ့ တင်ပါး ကို သူမ ရိုက်လိုက်သည့်အသံထွက်
လာ​လေသည် ။

​ရှောင်မုယွဲ့ရှီး က သူ့ကို သူမ ဒီလိုလုပ်လိမ့်မယ်လို့
မထင်မိ​ပေ။ ​ရေခဲထုကို ထွင်းထုထားတဲ့ ​ကျောက်စိမ်း
လို မျက်နှာငယ်​လေးက အဖြူ မှ အနီ , အနီ မှ အစိမ်းကို​ ပြောင်းသွားပြီးထိတ်လန့်တကြား
ဖြစ်သွားသည် ။

" မင်း...ငါ့ကို ဘယ်လို​တောင်ရိုက်ရဲတာလဲ ? "

' မင်း ငါ့ကို ဘယ်လို​တောင်ရိုက်ရဲတာလဲ ' ၊
ဒီစကားလုံးမှာ ​ဒေါသ နှင့် ထိတ်လန့်မှု​ကြောင့် အပြည့်အစုံပင် ထွက်မလာနိုင်​တော့​ပေ ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Tahanan ng mga kuwento. Tumuklas ngayon