အခန်း - ၇၆ ||ငါ့ကို နင်နဲ့အတူခေါ် သွားပေး လို့ရမလား ? - ၁ ||

443 53 3
                                    

အခန်း -  ၇၆

|| ငါ့ကို နင်နဲ့အတူခေါ် သွားပေး
လို့ရမလား  ?  -   ၁   ||

မုယွဲ့ ရှီး ကို နားချပေးပြီးနောက်မှာ
တော့ တင်းယိ မှာ နာနာခံခံဖြင့် အနား
ယူနေရသည် ။  တကယ်တော့ သူမ
ဒဏ်ရာတွေက သက်သာနေပြီးဖြစ်
သော်ငြားလည်း ဘယ်သူကမှ သူမ
စကားကို နားမထောင်ဂရုမစိုက်ကြ
တာကြောင့် ဒီရက်အနည်းငယ်မှာ
ပျင်းပျင်းရိရိဖြင့်နေရတော့သည်။

အစပိုင်းတုန်း၌ လုလီဟုန် က သူမ
အား ကြင်နာမှုမရှိ စစ်ဆေးမေးမြန်း
ချိန်မှာ ကြောက်ကြောက်လန့်လန့်
ဖြစ်နေပေမဲ့လည်း  သူမကိုတော့
ကြမ်းတမ်းစွာဆက်ဆံတာတွေ ၊
အရှက်ရအောင်လုပ်တာမျိုးတွေ
မရှိချေ     ။  

ဘယ်လိုပဲဖြစ်ဖြစ်  , ကျန်ခဲ့သည့်
ရက်အနည်းငယ်တုန်းက  တင်းယိ
ဒဏ်ရာတွေ ပြန်လည်သက်သာလာရန် 
ဒီနေရာ၌ နေချိန်မှာ လု ဂိုဏ်းချုပ်မှာ 
နေ့တိုင်းလိုလို သူမ အတွက် ‌ဆေးဝါး
လာပို့ပေးရင်ပေး , မဟုတ်ရင် စကား
စမြည်ပြောဖို့အတွက် အဖော်လုပ်ပေး
တတ်သေးသည်  ။

ထို့ကြောင့်ပဲ  တင်းယိ မှာ လုလီဟုန်
နေ့တိုင်းလိုလို သူမ နဲ့ စကားစမြည်
ပြောကြရန် လာ,လာနေသည်ကိုပင်
သူ အထီးကျန်နေတာကြောင့်များလား '
ဟုပင်  အမှန်တကယ် အထင်လွဲ
လုနီးပါးပင် ဖြစ်လာရတယ်     ။

System :    မင်းက တကယ့်ကို စိတ်
ခံစားချက်လွယ်လွန်းတယ်  

အချိန်တော်တော်လေး ကြာသည်ထိ
ပေါ်မလာသည့်  system က ရုတ်တရက်
ထွက်ပေါ် လာတော့ တင်းယိ အံ့အား
သင့်သွားကာ မေးလိုက်သည် : နင် 
offline ဖြစ်နေတာ မဟုတ်ဖူးလား ?

System  :  ပြုပြင်မှုကို ပြင်ဆင်
ပြီးသွားပြီ  ၊  ပြီးတော့လည်း system
ကို အဆင့်မြှင့်ထား‌ပေးပြီးပြီ  

တင်းယိ မှာ system က အဆင့်မြှင့်
တင်မှုတွေ ဆက်လက်ပြီးလုပ်ကြောင်း
အကြိမ်အနည်းငယ်လောက်ထိ ကြား
သိထားပေမဲ့လည်း  ၎င်းက အဆင့်မြှင့်
လွန်းနေသည် မဟုတ် !  ဆန့်ကျင်ဘက်
အနေနဲ့  အဲ့ system က အရေးအကြောင်း
ကြုံပါပြီဆို  ' offline  ' ဆိုတာချည်းပဲ !

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now