အခန်း - ၂၈||ဒီသရဲ​ခြောက်တဲ့ အိမ်မှာ​တော့မ​နေနိုင်ဘူး - ၂ ||

1.1K 157 0
                                    

အခန်း - ၂၈

|| ဒီသရဲ​ခြောက်တဲ့ အိမ်မှာ​တော့မ​နေနိုင်ဘူး - ၂ ||

-------- uni - version ---------
-------- translator @Lavendar__kitty -----

တင်းယိ က မနီးမ​ဝေးမှ ကြက်တွန်သံ​တွေကို
နားစွင့်ရင်း အပြင်က ​တောက်ပ​နေတဲ့ ​
ကောင်းကင်ကြီး ကို ကြည့်ကာ သူမ ရင်ထဲ
စိတ်သက်သာရာ ရ​စေသည့် လှိုင်းလုံးကြီး မခံစား
​ရခင် အချိန်ထိ အပြင်ဘက်မှာ လင်းထိန်​နေ
တဲ့ ​ကောင်းကင် ကို ကြည့်ရှုစစ်​ဆေးခဲ့တယ် ။

" ​နောက်ဆုံး​တော့ မိုးလင်းပြီပဲ "
တင်းယိ မှာ ခက်ခက်ခဲခဲ အသက်ရှူထုတ်လိုက်
ပြီး ကုတင်​ပေါ် လှဲချလိုက်သည် ။ သူမ မျက်လုံး
​တွေ ​အောက်က အမည်း​ရောင် ကွင်း နှစ်ကွင်း ကို
ခံစားလို့ရ​နေပြီး အခုချိန်မှာ သူမ ကဘယ်​လောက်
​တောင် ကြည့်ရဆိုး​နေလဲဆိုတာ ​တွေးကြည့်နိုင်
တယ် ။

အိမ်သစ်တက် တဲ့ ​ပထမဆုံး​နေ့ မှာပဲ ဆိုးရွား
တာကို ကြုံလိုက်ရတယ် , ​​ေ-ာက်ရမ်းကို
ခမ်းနားကြီးကျယ်တာပဲ ။

သူမ မျက်ခွံတွေ​ပေါ်က ​လေးလံမှုကို ခံစား
လိုက်ရပြီး တင်းယိ မှာ ​တောင့်ခံနိုင်စွမ်း
မရှိ​တော့တာ​ကြောင့် အိပ်စက်ခြင်းဆိုတဲ့
အရာထဲကို ညင်သာစွာ လွင့်​မြောသွားခဲ့သည် ။
သူမ ​နောက်တစ်ကြိမ် နိုးလာတဲ့ အချိန်မှာ​တော့
အပြင်ပတ်ဝန်းကျင်က လင်းထိန်​နေခဲ့ပြီး
မုယွဲ့ ရှီး ကို​တော့ မည်သည့်​နေရာမှာမှ မ​တွေ့
ရ​တော့​ချေ ။

သူမ ကုတင်​ပေါ်က​နေ ဆင်းလိုက်ပြီး ​အော်
​ခေါ် လိုက်မိတယ် :
" ယွဲ့ ရှီး ? "

ပြန်​ဖြေသံမကြားရတာ​ကြောင့် သူမ ဒီထက်
ပိုကျယ်ကျယ်​လေး ​အော်​ခေါ်လိုက်သည် ။
ဒါ​ပေမဲ့လည်း ပြန်​ဖြေသံမကြားရ ။

သူမ မှာ ချက်ချင်းပင် စိုးရိမ်ပူပင်စိတ်​ကြောင့်
အိပ်ချင်မူးတူးဖြစ်​နေသည်များပင် ​ပျောက်
ကွယ်သွားပြီး မုယွဲ့ ရှီး ကို ရှာ​ဖွေရန်အတွက်
အပြင်ကို ​ပြေးထွက်လာခဲ့သည် ။

ဒါ​ပေမဲ့ တံခါးကို ဖွင့်လိုက်သည်နှင့် ​သူ, ထောင့်
တစ်​နေရာက​နေ ရုတ်တရက် ဝင်လာသည်ကို
သူမ ​တွေ့ လိုက်ရတယ် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Où les histoires vivent. Découvrez maintenant