Uni -version
Translator - @Lavendar ___ kitty
အခန်း - ၄
ငါလေး အကျင့်ပျက်တဲ့ ကလေးကို မလိုချင်ဘူး - ၂
______________________မူရင်း ဝတ္ထုထဲမှာ မုယွဲ့ ရှီး ရဲ့ ကလေးဘဝ အကြောင်း
ကို ထည့်ထည့်ဝင့်ဝင့် ဖော်ပြထားခြင်းမရှိပေ ။ ဒုက္ခ
ရောက်နေတဲ့ နတ်ဆိုးဂိုဏ်း က ကလေးငယ်
တစ်ယောက်က နာကျင်ခံစားရပြီး ဆိုးရွားစွာနေခဲ့ရကြောင်းကိုသာ စာရေးဆရာက စာကြောင်း အနည်းငယ်နဲ့သာ ဖော်ပြထားခြင်းဖြစ်သည် ။ အဲ့ဒါ့အပြင် သူ့ ကို သေမင်းလက်ထဲကနေ ကယ်ခဲ့တဲ့ ဇာတ်လိုက်မ ကိုချစ်မိသွားကြောင်းကိုလည်း
စာတစ်ကြောင်းတည်းနဲ့ပဲ ရှင်းပြထားပြီး နောက်ပိုင်းတွေကတော့ သူ့ ရဲ့ ပေါင်းသင်းဆက်ဆံမှု နဲ့ ဆိုးဝါးခဲ့ ပုံတွေသာရှိခဲ့သည် ။ဒါပေမဲ့လည်း ဒါတွေက
သူ့ ရဲ့ ကလေး ဘဝအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှမဆိုင်ပေ ။သူ ဝတ္ထုထဲမှာ တရားဝင်ဖော်ပြထားတဲ့အချိန်မှာတော့
သူက ဇာတ်လိုက် ကို အနိုင်ယူနိုင်လုနီးပါး
အစွမ်းထက်သည့် ဗီလိန်ဖြစ်နေလေပြီ ။ဒါကြောင့် အခု တင်းယိ နဲ့ တွေ့ နေရသည့် မုယွဲ့ ရှီး
က ဝတ္ထုထဲမှာဖော်ပြထားခြင်းမရှိတဲ့ ဇာတ်ကြောင်း
သာဖြစ်နေသည် ။ဖော်ပြထားခြင်းမရှိတဲ့ ဇာတ်ကြောင်းဆိုတော့
မုယွဲ့ ရှီး ကို ဝတ္ထုထဲမှာ ဖော်ပြထားတဲ့အချိန်ထိ ဘာတွေဖြစ်မလဲဆိုတာလည်း သူမ , မသိပေ ။အခုလို , မုယွဲ့ ရှီး ကို လိုက်လံဖမ်းစီးနေတဲ့လူတွေ
လက်ထဲကလွတ်လာပြီး သွေးချောင်းဆိုးနေသည်
က တင်းယိ မမျှော်လင့်ထားတဲ့ ဇာတ်ကွက်ပဲ
ဖြစ်သည် ။သူမ က စိုးရိမ်တကြီးနှင့် မုယွဲ့ ရှီး ရဲ့ ကျောပြင်လေး
ကို ပုတ်ပေးလိုက်ပြီး သူ့ ရဲ့ နဖူး ကို စမ်းကာ စိုးရိမ်တကြီးပြောလာခဲ့သည် -" နာနေလို့လား နေရတာအဆင်မပြေလို့လား ? ၊
လိမ္မာတယ် လိမ္မာတယ် ဒါကို ခံနိုင်ရည်ရှိအောင်
အရင်ကြိုးစားထား ငါ နင့်အတွက် ဆေး သွားကျိုပေးမယ် "နတ်ဆိုးမျိုးနွယ်စုက ပြင်းထန်စွာဒဏ်ရာရပြီးနောက်
သူတို့ရဲ့ လူသားအသွင်ကို ထိန်းထားနိုင်မည်မဟုတ်
တာကို သူမ ရေးတေးတေး မှတ်မိသည် ။ သူတို့
ရဲ့ ခန္ဓါကိုယ်က နတ်ဆိုးပုံစံရဲ့ အစိတ်အပိုင်းအချို့ကို
အနည်းနဲ့အများပြောင်းလဲလာမည်ဖြစ်သည် ။ အခု
မုယွဲ့ ရှီး ဖြစ်နေသည့်အရာက အဲ့ဒါ အဖြစ်နိုင်ချေ
အများဆုံးဖြစ်သည် ။
YOU ARE READING
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...