အခန်း-၁၃||တာဝန်ကိုငြင်းဆန်ခြင်းကအလွဲသုံးစားမှုကိုဦးတည်​စေနိုင်တယ် - ၂ ||

1.8K 201 3
                                    

အခန်း - ၁၃

|| တာဝန်ကို ငြင်းဆန်ခြင်းက အလွဲသုံးစား
မှုကို ဦးတည်​စေနိုင်တယ် - ( ၂ ) ||

--------------------

ငြိမ်သက်လှတဲ့ ​လှေကြီးရဲ့ အ​ပေါ်မှာ ထွန်း
ထားသည့် မီးပုံ , မီးအိမ်​တွေမှ လွဲ၍ ပတ်​ဝန်း
ကျင် တစ်ခုလုံးက တိတ်ဆိတ်​နေ​လေသည် ။
​အဲ့ဒီ့အချိန်မှာပဲ ​ဟောက်သံ​တွေက မပြီးဆုံး
သွား​သေးခင်မှာပဲ သွားကြိတ်အသံ​တွေအဖြစ်
ထွက်​ပေါ်လာ​လေသည် ။ ဒီအ​ခြေအ​နေက
ယခု ဇာတ်လမ်း နှင့် ထူးထူးခြားခြားကို လိုက်ဖက်
​နေ​လေသည် ။

တင်းယိ မှာ သူမ ၏ ခန္ဓါကိုယ်တစ်ဝက်အား
မှီကာ အိပ်​မောကျ​နေပြီဖြစ်သည့် မုယွဲ့ ရှီး
ရဲ့ ခန္ဓါကိုယ်အပူကို တွန်းလှန်နိုင်ရန်အတွက် ထန်းရွက်ယပ်​တောင် ကို တဖျပ်ဖျပ်နှင့်
ခတ်လိုက်​လေသည် ။အစတုန်းက​တော့ သူမ မှာ
အိပ်​မောကျရန်အစီစဥ်မရှိ​သော်လည်း
အ​ကြောင်းတစ်စုံတစ်ရာ​ကြောင့် သူမ မျက်လုံး​
တွေကို ဖွင့်မရနိုင်​တော့​လောက်​အောင်အထိ
မျက်ခွံ​တွေမှာ ပိုမို​လေးလံလာခဲ့​တော့သည် ။

​နောက်ဆုံးမှာ​တော့ , သူမ ​ပေါင်ကို ဆွဲဆိတ်သည့်
နာကျင်မှုက​တောင် အဆင်မ​ပြေ​တော့​ပေ ။

ပင်ပန်း​နေပြီဖြစ်တဲ့ တင်းယိ မှာ သူမ မျက်လုံး
​တွေကို မှိတ်လိုက်သည်နှင့်ပဲ အိမ်မက်တစ်ခုကို
မက်​နေ​လေ​တော့သည် ။

အဲ့ဒီ့ အိမ်မက်က သူမ ရဲ့ မူလ ကမ္ဘာကို သူမ က
ပြန်​ရောက်​နေ​လေရဲ့ ။ သူမ မှာ ပင်ပန်းနွမ်းနယ်
​နေပြီး မနက် ၄ နာရီက​နေ ၅ နာရီ အထိ
over time ကို ပင်ပင်ပန်းပန်း လုပ်​နေရသည်
ဟု ခံစား​နေရ​လေသည် ။ သူမ အိမ်ပြန်​ရောက်​တော့
ငန်း​မွှေး​တွေနဲ့ ပြုလုပ်ထားတဲ့ ကုတင်​ကြီး​​​ပေါ် ကို
ချက်ချင်းပဲ ခုန်ချလိုက်ပြီးတာနဲ့ ​နွေး​​ထွေးလှတဲ့​​စောင်
ကို ခြုံလိုက်ပြီး ​အော်ဟစ်လိုက်​တော့တယ် ။
ဒီ အိမ်မက်​လေးက ​​ကျေနပ်​ပျော်ရွှင်စရာ​ကောင်းပြီး
သူမ ပြန်ပြီး​တော့​တောင် မနိုးထချင်​တော့ ။

[ အန္တရာယ်အ​ခြေ​နေက ​ရှေ့မှာရှိ​နေပါတယ် ! ၊
အန္တရာယ်သတိ​ပေးချက် ! host , ​ကျေးဇူးပြု
ပြီး မြန်မြန်ထပါ ! ] ရုတ်ချည်းဆိုသလို စက်ရုပ်
သံတစ်ခုက ထွက်​ပေါ်လာကာ ထပ်တလဲလဲပင်
နှိုး​ဆော်​နေ​လေ​တော့သည် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Donde viven las historias. Descúbrelo ahora