အခန်း - ၇|| ဒီ​နေ့ကစပြီး က​လေးတစ်​ယောက်ကိုပြုစုပျိုး​ထောင်ရ​တော့မယ် - ၂||

1.9K 232 0
                                    


*  system ​စကား​ပြောတဲ့
စာ​ကြောင်း​တွေက နည်းနည်း​တော့
​ထောက်​​နေပါတယ်​နော် ဒါ​ကြောင့် kitty
ကို အပြစ်မမြင်ကြပါနဲ့​နော် ၊ kittyမှာ လိုအပ်
တာ​တွေရှိရင်လည်း ​ပြောပြ​ပေးလို့ရပါတယ် ။

_______________________________________________

အခန်း - ၇

ဒီ​နေ့ကစပြီး က​လေးတစ်​ယောက်ကို
ပြုစုပျိုး​ထောင်ရ​တော့မယ် - ၂ 》

Uni -version
Translator -@Lavendar ___ kitty .
-----------------------------

အသံဆုံးသည် နှင့် တစ်ပြိုင်နက်တည်းမှာပဲ တင်းယိ
မှာ ​ဘေးထွက်ဆိုးကျိုး​တွေ အ​ကြောင်း​တောင် ​မေးချိန်မရဘဲ system ရဲ့ ပစ်မှတ်၏ ခန္ဓါကိုယ်​ပြောင်းလဲမည်ဆိုသည့် စာတန်းကြီးက အ​ရှေ့မှာ​ပေါ်လာ​​လေသည် ။

သူမ က အတည်ပြုသည်ဆိုပြီး နှိပ်ပြီးတဲ့​​နောက်မှာ
​ပေါ့ သူမ လုံးဝကို စိတ်သက်သာရသွား​တော့
သည် ။

​​နောက်ဆုံး​တော့ပြသနာကို​တော့ ​ပြေ​ပြေလည်လည်
​ဖြေရှင်းလို့ ပြီးသွားပြီပဲ ။


​ရှေ့ဆက်လုပ်ရမှာဆိုလို့ သူမ ကံကြမ္မာဆိုးရှိတဲ့
ဗီလိန်​လေးရဲ့ စိတ်​ဖောက်ပြန်မှုကိုဖြည်းဖြည်းချင်းပဲ ​ပြောင်းလဲ​ပေးရမည်ပဲကျန်​တော့သည် ။

ပထမဆုံးအ​နေနှင့် သူမ လုပ်ရမည့် ကိစ္စမှာ
ပျက်စီး​နေတဲ့ က​လေးငယ် ကို ပြုစုပျိုး​ထောင်​ပေး
ရန်သာဖြစ်သည် ။

တင်းယိ က ကိစ္စအားလုံးကို ​ဖြေရှင်းပြီးသည်နှင့်
မုယွဲ့ ရှီး ကို လိုက်ရှာ​တော့သည် ။

သက်ကယ်မိုးသည့် အိမ်​ငယ်​လေး နှင့် မနီးမ​ဝေး
မှာ သူ့ကို ရှာ​တွေ့ချိန်မှာ​တော့ ပြင်းထန်တဲ့နတ်ဆိုး
စွမ်းအင်​တွေ လွှမ်းခြုံထားတဲ့ ဖက်ထုပ်ငယ်​လေးမှာ
သာမန်က​လေးငယ် တစ်​ယောက်အသွင်ကို ပြန်လည်
​ရောက်ရှိ​နေပြီဖြစ်သည် ။

မုယွဲ့ရှီး ရဲ့ ပန်းပုထုထားသလို လက်ရာ​မြောက်တဲ့
မျက်နှာအသွင်အပြင်မှာ ထင်ရှား​နေကာ သူ့ မျက်လုံး
​လေး​တွေကို တစ်ဝက်​မျှ မှိတ်ထားပြီး သူ့ခန္ဓါကိုယ်မှာ
လည်း တုန်ယင်​နေ​လေသည် ။ ကြည့်ရတာ သူ အနည်းငယ်​တော့ စိတ်ရှုပ်​နေပုံရ​လေသည် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now