Description ( uni × zawgyi )

12.3K 443 14
                                    

Uni - version
Translator - @Lavendar ___ kitty

~~~~~~~~~

တင်းရိ ( Ding yi ) က ရက်စက်ကြမ်းကြုတ်တဲ့ ဝတ္ထုတစ်ပုဒ်ထဲကို ကူး​ပြောင်းလာခဲ့တယ် ။ သူမ ရဲ့ ​မူလဇာတ်​ကောင်က ထွက်​ပြေးလွတ်​မြောက်သွားတဲ့
ဇာတ်လိုက်မ ကို ခြိမ်း​ခြောက်ဖို့အတွက် ဗီလိန်ရဲ့
​ပေါင်းအိုးထဲမှာ အရှင်လတ်လတ် အပြုတ်ခံရတဲ့
အရံဇာတ်​ကောင်​လေး ဖြစ်တယ် ။

သူ့ကြီး​တော်လိုပဲ ! သူမက နာမည်​တောင်မရှိတဲ့
အရံဇာတ်​ကောင်​ လေးတဲ့​လေ ။

တင်းရိ ရဲ့ မျက်နှာမှာ မျက်ရည်​​တွေ ​သွေး​တွေနဲ့ အပြည့်ဖုံးလွှမ်းသွား​တော့သည် ။ သူမ ​ခြေ​ထောက်​ဘေးကဗီလိန် ​သေး​သေး​လေးကိုငုံ့ကြည့်လိုက်
မိတယ် ။

# စိတ်ဒဏ်ရာရှိတဲ့ လူ​တွေကို ဂရုစိုက်ပြုစုဖို့က
လူတိုင်းရဲ့ တာဝန်ဖြစ်တယ်

# နတ်ဆိုးဘုရင်​လေး ရဲ့ ဗီလိန်တိုးတက်မှု မှတ်တမ်း
ကို ​လေ့လာပါ

သနားစရာ​ကောင်းတဲ့ တင်းရိ မှာ ဗီလိန်​လေး
ကို ပျိုး​ထောင်ရမယ်ဆိုတဲ့ ခက်ခဲ​လေးလံတဲ့ တာဝန်ကို ထမ်း​ဆောင်ရပါ​တော့တယ် ။

​နေ့ခင်းအချိန်​တွေမှာ မိသားစုကို ​ထောက်ပံ့ဖို့တွက်
​ငွေရှာရတယ် ။ ညဘက်ချိန်​တွေမှာတော့ ဗီလိန်​လေး
ရဲ့ နှလုံးသား ကို အချစ်​တွေနဲ့ပြည့်ဖို့တွက် အသုံးချ
ရတယ် ။

လူငယ် ​လေးက ​အရွယ်​ရောက်လာပြီဖြစ်သည် ။
တင်းရိ က မိခင်အိုကြီးတစ်​ယောက်ရဲ့ အပြုံးမျိုးကို
ဆင်မြန်းထားပြီး တိတ်တဆိတ်ထွက်သွားပြီး
သူမ ရဲ့ အ​ကြောင်းကိုဖုံးကွယ်ထားခဲ့တယ် ။

ဒါ​ပေမဲ့ ကံကြမ္မာက သူမ အ​ပေါ် ညစ်ပတ်တဲ့
လှည့်ကွက် သုံးလိမ့်မယ်လို့ သူမ , မထင်ထားခဲ့ဘူး

တင်းရိ : " .....??! "

ငါ​လေးကို ဇာတ်လိုက်မ ​နေရာမ​ပေးပါနဲ့ ၊
ငါ​လေး ​ကြောက်လို့ပါ ဝူး~!

မျက်နှာအုံ့မှိုင်း​နေတဲ့ လူငယ်​လေး က တုန်လှုပ်​နေတဲ့
မိန်းက​လေး ကို ​ပွေ့ ဖက်ထားတယ် ။ သူက တခစ်ခစ်
နဲ့ ရယ်​မော​နေပြီး သူ့ရဲ့ တီးတိုးသံက ​ကြောက်စရာ​​ကောင်း​လောက်​အောင် နူးညံ​နေတယ် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Donde viven las historias. Descúbrelo ahora