အခန်း - ၆၃
|| ငါ ဘာတွေတွေးနေလဲ မင်းသိလို့လား - ၂ ||
ထို အချိန်မှာတော့ စောစောက အချိန်လေး
၌ တွေ့ ခဲ့ရသည့် နူးညံ့မှု နှင့် အားနည်း
ပျော့ညံ့မှုတွေက လုံးလုံးလျားလျား ပျောက်
ကွယ်သွားလေသည် ။ သူ့ ၏ ဓါးကို
ကိုင်မြှောက်လိုက်ပြီး ထိတ်လန့်အံ့သြနေ
သည့် ' တင်းယိ ' ရဲ့ လည်ပင်းအနောက်
အားနည်းချက်နေရာအား အတိအကျပင်
ထိုးစိုက်လိုက်တယ် ။ကာမနတ်ဆိုး စီမှ ကျယ်လောင်သည့် အသံ
ထွက်ပေါ် လာခဲ့သည် ။ ပြစ်ချက်မရှိတဲ့
မျက်နှာက ဖန်ကွဲစ တစ်ခုလိုမျိုး ကွဲအက်
သွားကာ သူမ ရဲ့ ခြောက်သွေ့ ပြီးပျက်စီး
နေသည့် မျက်နှာအစစ်အမှန်က ထွက်ပေါ်
လာတော့သည် ။မုယွဲ့ ရှီး က သူ့ ဓါးအား နောက်တစ်ကြိမ်
ထပ်မြှောက်လိုက်ပြီး နေရာအနှံ့ မှာရှိ
နေသည့် အားနည်းချက်နေရာတွေကို
ထိုးသတ်လိုက်တယ် ။နောက်ပြန်ဆုတ်ခွာသွားသည့် ကာမ နတ်ဆိုးမ
မှာ အခုအခြေနေကို တုံ့ပြန်နိုင်ရန်
အတွက် ခဏလောက်ကြာသွားခဲ့သည် ။
မုယွဲ့ ရှီး က သူမ ရဲ့ အားနည်ချက်နေရာ
တွေကိုပဲ ရွေးချယ်ပြီး တိုက်ခိုက်ခဲ့တာပင် ။
သူမ , သူ့ အား စပြီးချဥ်းကပ်ကတည်းက
တိုက်ခိုက်ဖို့အတွက် ကြံစည်ပြီးသားဖြစ်
ပေလိမ့်မည် ။ကာမ နတ်ဆိုးမ မှာ ထိတ်လန့်အံ့သြ
သွားပြီး ဒေါသတကြီးဖြင့် : " နင် ....
နင် အစတည်းက ယစ်မူးနေတာ
မဟုတ်ဘူးလား ? ! "မုယွဲ့ ရှီး ၏ အနည်းငယ်နီရဲနေတဲ့
မျက်လုံးတွေက အေးစက်ပြီး သွေးဆာ
လောင်နေသည့် အပြုံးတွေအား ထုတ်ဖော်
ပြသနေခဲ့သည် ။ " အင်း , အရမ်းကို
ယစ်မူးနေတာလေ "အမှန်တကယ်တော့ တင်းယိ ရဲ့ အသွင်
ပြင် ဒါမှမဟုတ် စကားသံက အစ ဟန်
ဆောင်သည့် ကာမ နတ်ဆိုးမ ရဲ့ ရုပ်ဖျတ်
ခြင်းမှော်က ပြစ်ချက်မရှိချေ ။ ဘယ်နေရာ
မှာမှ ချို့ယွင်းချက်မရှိသော်လည်း သူမ ပြောင်း
လဲ ခဲ့သည့် တင်းယိ က သူ့ စိတ်ထဲက
တင်းယိ ဖြစ်နေတာကြောင့်ပင် ။
ESTÁS LEYENDO
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...