uni - version
translator @Lavendar__kitty-----------
အခန်း - ၃၄
|| ဒီ Boss မှာ နောက်ခံ နည်းနည်း
တော့ရှိတယ် - ၂||သူမ အခန်းထဲကနေ ထွက်လာပြီး ခမ်းနား
ထည်ဝါလွန်းတဲ့ ခြံဝန်းကြီး ကို ကြည့်လိုက်
တယ် ။ ယင်ယန် မျက်လုံး အစွမ်းကြောင့်
မြင်တွေ့ ရသည့် နေရာတစ်ခုလုံးက အဖြူ
အမည်းဖြင့် ရေးဆွဲထားသည့် ပန်းချီကား
သဖွယ်ဖြစ်နေလေသည် ။သက်ရှိလူသားတွေ နေထိုင်တဲ့ နေရာကို
ဆိုးဝါးကြမ်းကြုတ်တဲ့နေရာ အဖြစ်ပြောင်းလဲဖို့
အတွက် တစ်စုံတစ်ယောက်က ' လျူ ' မိသားစု
ကို ကျိန်စာတိုက်ထားခြင်းဖြစ်နိုင်သလို ,
ဒီနေရာမှာ လူတွေအများကြီး သေဆုံးခဲ့တာ
ကြောင့်လည်း ဖြစ်နိုင်သည် ။တင်းယိ က ခေါင်းခါယမ်းလိုက်ရင်း အနက်
ရောင် အငွေ့အသက်တွေ အသိပ်အသည်းဆုံးဖြစ်
သည့် နေရာစီကို မသက်မသာဖြစ်စွာ ဦးတည်
သွားလိုက်တယ် ။ ပိတ်ထားသည့် တံခါး
ရှေ့ရောက်သွားချိန်မှာတော့ သူမ ခြေလှမ်း
တွေကို ရုတ်တရက်ပဲ ရပ်တန့်လိုက်သည် ။တင်းယိ က အဲ့ဒီနေရာမှာပဲ မတ်တပ်ရပ်နေ
ရင်း ပိတ်ထားတဲ့ သစ်သားတံခါးကို ကြည့်
ကာ မေးခွန်းမေးလိုက်သည် : " ဒီနေရာက
ဘာလဲ ? "လူအိုကြီး မှာ မပြောပြလာခင် ခဏ
လောက် တိတ်ဆိတ်သွားပြီးမှ : " ဒီနေရာက
အရင်တုန်းက ရေပူစမ်းရေကန် ဖြစ်ခဲ့ဖူးပေမဲ့
ယွမ်ခုန်း ကျန်းရန် * က နတ်ဆိုးနှင်တဲ့ ထုံးတမ်း
အစဥ်လာတွေ လုပ်ပြီးတဲ့ ဒီနေရာကို ချိပ်ပိတ်
ထားလိုက်တာပါ ၊ အဲ့ဒီ့တုန်းက ကျန်းရန် က
ဒီနေရာက လုံးဝ မလာသင့်တဲ့ နေရာဆိုပြီး
ပြောခဲ့တာကြောင့် အမှားအယွင်းတွေ ဖြစ်မှာ
စိုးရိမ်လို့ ကျုပ်တို့တွေ သော့ခေတ်ပြီး ပိတ်ထား
လိုက်တာပါ .... "[ t/n - ယွမ်ခုန်း က လူ နာမည်ပါ သူ့
အနောက်က ကျန်းရန် ကတော့ ကျင့်ကြံရေး
လောက မှာ အောင်အောင်မြင်မြင် ကျင့်ကြံ
အားထုတ်နိုင်ခဲ့တဲ့ သူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ပေးတဲ့ ဘွဲ့ နာမည်ပါတဲ့ ]
CZYTASZ
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomansTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...