uni - version
translator @ Lavendar __kittyအခန်း - ၄၂
|| ကြိုးကြိုးစားစား ပိုက်ဆံရှာ - ၂ ||
ဒီအမျိုးသမီး က ဉာဏ်မရှိပေမဲ့ လက်ဖွာတာ
တော့ အမှန်ပဲဖြစ်သည် ။ထို့ကြောင့် တင်းယိ မှာ လက်ခံလိုက်ပြီး အမျိုးသမီး
အတွက် အကြံဉာဏ်အချို့ ပေးလိုက်တယ် -
" ရှင့်ရဲ့ စံအိမ်တော်မှာ လူအရေအတွက်က
တော်တော်လေး များတယ် ဒါ့ကြောင့်ပဲ နှစ်တွေ
ကြာလာတဲ့အခါ မကောင်းတဲ့ စွမ်းအင်တွေက
စုဝေးလာရတာပဲ ။ ကလေးငယ်တွေက
အားနည်းတဲ့ ဝိဉာဥ်တွေဖြစ်တာကြောင့် အဲ့ဒါတွေ
ကို ခံနိုင်ရည်မရှိဘူး အဲ့ဒါ့မို့လို့ ဒီညပိုင်းတွေမှာ
ရှင့် ရဲ့ ကလေး ကို သေချာလေး ဂရုစိုက်ပေးသင့်
တယ် , သခင်မ "ရှင့် စံအိမ်က ကိုယ်လှုပ်တော် ၊ အပျော်မယား
တွေ အားလုံးက အဆိပ်ပြင်းတဲ့ မိန်းမလှတွေ
ချည်းပဲ , စံအိမ် ရဲ့ အမွေ ကို ဆက်ခံရမဲ့သူ
က တစ်ယောက်တည်းပဲရှိတယ် ။ ဒါကြောင့်
ရှင် အဲ့ဒီ့ လူဆိုးတွေကို သတိထားရမယ် ။အမျိုးသမီး ရဲ့ မျက်နှာမှာ ထိတ်လန့်ခြောက်ခြား
မှုကြောင့် ဖြူဖျော့သွားခဲ့ပြီး ကျေးဇူးတင်ကြောင်း
ကိုသာ ထပ်ခါတလဲလဲပြောလာခဲ့သည် ။သူမ ရဲ့ လက်ကို ဝှေ့ယမ်းလိုက်ပြီး တင်းယိ
က ယဥ်ကျေးပျူငှာစွာဖြင့် အမျိုးသမီး ကို
အပြင်သို့ ပြန်လိုက်ပို့ပေးလိုက်သည် ။ရှက်စရာကောင်းပေမဲ့လည်း အရင်နေ့တွေ
လိုပဲ အစားအသောက်တွေကို ဝယ်ပြီး စားပွဲပေါ်
တင်ရဦးမှာပဲ ဖြစ်သည် ။တင်းယိ က လှည့်ကာ အိမ်ထဲဝင်သို့ ပြန်ဝင်ခါနီး
တွင် လူ တစ်ယောက် နှင့် တိုက်မိလုနီးပါးဖြစ်
သွားရသည် ။သူမ ရပ်လိုက်ပြီး မော့ကြည့်လိုက်တော့ လွန်ခဲ့
သည့် ( ၂ ) နှစ်ခန့် က ဘေးအိမ် ကို ပြောင်းရွှေ့
လာခဲ့သည့် အိမ်နီးချင်း တစ်ယောက်ဖြစ်သည်
ကို တွေ့ လိုက်ရသည် ။ အင်ပါယာ စာမေးပွဲ
တွေမှာ နှစ်တွေအကြာကြီး မအောင်မြင်ခဲ့သည့်
ပညာသင်ကျောင်းသား ဝမ်ရွှီချိုက် ဖြစ်နေလေ
သည် ။
STAI LEGGENDO
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
Storie d'amoreTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...