အခန်း-၁၆||အသက်ရှင်ဖို့အတွက်သရုပ်​ဆောင်​ကောင်းရမယ် - ၁||

1.5K 203 1
                                    

uni- version
translator @kissmarry- Lulu.

အခန်း - ၁၆

||အသက်ရှင်ဖို့အတွက် သရုပ်​ဆောင်​ကောင်း
ရမယ် - ၁||

~~~~~~

တင်းယိ မှာ အထိတ်တလန့်ဖြစ်​နေ​တော့သည် ၊
ရုတ်တရက်ကြီး ဘာဖြစ်ရတာတုန်း ? ။ သို့​သော်
လည်း သူမ လှုပ်ရှားလိုက်သည်နှင့် သူမ ၏ ဒဏ်ရာ
က ပွင့်လာ​တော့သည် ။
" ဟစ် - "

ဓါးဒဏ်ရာ ဆိုတာက ရယ်စရာ​မဟုတ်​ပေ ။ အနည်း
ငယ်​လောက်သာ လှုပ်ရှားမှုကလည်း သူမ ကို
​ကောင်းကင် သို့ပို့​ဆောင်​​ပေးရန် လုံ​လောက်တဲ့
နာကျင်မှုကို ဖြစ်​စေနိုင်​လေသည် ။

မုယွဲ့ ရှီး မှာ တင်းယိ ၏ နာကျင်မှု​ကြောင့် ရှုံ့မဲ့
​နေသည့် မျက်နှာ နှင့် ​သွေး​တွေယိုစိမ့်​နေတဲ့ သူမ
ရဲ့ ပခုံး​ပေါ်က အဝတ်စအား ​တွေ့လိုက်ရသည် ။
သူ၏ မျက်နှာမှာ ချက်ချင်း​ပြောင်းလဲသွားကာ
သူမ အား ထူ​ပေးရန်အတွက် အလျင်တ​ဆောပင်
လက်​လေး ထုတ်လာ​ပေးခဲ့သည် -
" မလှုပ်နဲ့​ ခဏ​လေး​စောင့် ကျ​​တော်... ကျ​တော်
တာအိုဘုန်းကြီး ကို သွား​တွေ့ လိုက်မယ် "

တာအိုဘုန်းကြီး ? ဘယ်က တာအိုဘုန်းကြီးလဲ ?

မုယွဲ့ ရှီး မှာ မျက်ရည်​တွေ ထပ်မကျ​အောင် ထိန်း
ထားလိုက်ကာ သူ့ လက်ဖမိုးဖြင့် မျက်​ရည်တွေကို
သုတ်ပစ်လိုက်ပြီး အလျင်အမြန်ပဲ ​ပြေးထွက်သွား
​တော့သည် ။

တင်းယိ မှာ မျက်လုံးပြူးသွား ကာ ထွက်​ပြေးသွား
သည့် သူ့ ရဲ့ ​နောက်​ကျော​လေး ကိုသာ လှမ်းကြည့်
ရင်း စိတ်ပူရုံမှတပါး အခြားဘာမှမလုပ်တတ်​တော့
​ပေ ။ သူမ နှလုံးသား ​တွေမှာ ​ကျေကွဲ​နေ​တော့
သည် : အ​ရှေ့မှာရှိ​နေတာက အန္တရာယ်ကြီး
အစ်ကို​လေး ရဲ့ ၊ ဘာလို့ တာအိုဘုန်းကြီးကို
လိုက်ရှာချင်​နေတာတုန်းဟဲ့ ? ။ နင်ကမှ
အချိန်မ​ရွေး ထ​ပေါက်သွားနိုင်တဲ့ ချိန်ကိုက်
နတ်ဆိုးဗုံးတစ်လုံး​လေ ။

နှစ်ရက်လုံးလုံး သတိ​မေ့သွားပြီး​နောက်မှာ​တော့
ဘာ​တွေဖြစ်ပျက်သွားလဲ မသိလိုက်တာ​ကြောင့်
တင်းယိ မှာ အနည်းငယ် စိုးရိမ်သွားမိသည် ။
သူမ မှာ system ကို အကြိမ်ကြိမ်​ခေါ် သော်
လည်း တုံ့ပြန်မှုက မရှိ​ ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now