အခန်း - ၁၀||ငါ​လေးက အားနည်းတဲ့မိန်းမသားတစ်​ယောက်ပါ-၂||

2K 246 7
                                    

အခန်း - ၁၀

ငါ​လေး က အားနည်းတဲ့ မိန်းမသား
တစ်​ယောက်ပါ - ၂ 》

Uni -version
Translator -@kissmarry-Lulu.
---------------------------

အန္တရာယ်​တွေကို ကာကွယ်ရန်အတွက် တင်းယိ
က သံ​ချေးတက်​နေပြီဖြစ်တဲ့ အသားလှီးဓါး တစ်
​ချောင်းကို ယူလာခဲ့ပြီး ဒီသက်ကယ်အိမ်​လေးမှာ
အစွဲတွယ်ကပ်​နေတဲ့ ညှိုးနွမ်း​နေတဲ့ အရိုးစုကြီး
ကို အနိုင်ယူရန် အသုံးပြုသည့် အင်းရွက်ကိုပါ
တိတ်တဆိတ်ပင် ဆုတ်ဖြဲလိုက်သည် ။ အဲ့ဒီ့​နောက်
မှာ​တော့ သူမ ရဲ့ အင်္ကျီလက်ကြားထဲမှာပဲ သတိ
ထားပြီး ဝှက်လိုက်သည် ။

သူမ အချိန်ဖြုန်းမ​နေသင့်​တော့ဘူး !

အားလုံးပြင်ဆင်ပြီးတဲ့အခါမှာ​တော့ နှစ်​​ယောက်စလုံး
မှာ ထွက်ခွာရန် ပြင်ဆင်ကြ​တော့သည် ။

ကုန်းဆင်းဖြစ်ပြီး မတ်​​စောက်တဲ့ ​တောင်လမ်းက
သွားလာရန် မလွယ်တာ​ကြောင့် တင်းယိ မှာ
​ရှောင်မုယွဲ့ ရှီး ကို သူမ ​နောက်​ကျောဘက်က​နေ
သယ်​ဆောင်ရန် အတွက် ဝါးခြင်း​တောင်း ကို အသုံး
ပြုရမည်ဖြစ်သည် ​။

ဒီ​တော့မှလည်း မုယွဲ့ ရှီး မှာ ဝါးခြင်း​တောင်း ကို
မည်သည့် အတွက်အသုံးပြုသည်ကို သ​ဘော​ပေါက်
သွား​တော့သည် ။

သူ့ မျက်နှာက တင်းမာသွားပြီး ခဏ​လောက်
ရုန်းကန်​နေရ​ပြီး သူ့အသံက တင်းမာ​နေ​လေသည် -
" မင်း ကျွန်​တော့်ကို သယ်စရာမလိုဘူး ၊
ကိုယ့်ဘာ့သာ လမ်း​လျှောက်နိုင်တယ် "

တင်းယိ မှာ ​ခေါင်းမာလှတဲ့ က​လေးရဲ့ လမ်းကို
ဝါးခြင်း​တောင်းဖြင့် ပိတ်ဆို့လိုက်ပြီး -
" ဟုတ်ပါတယ် အချစ်​လေးရဲ့ ၊ နင် လမ်း​လျှောက်
လို့ရတယ် ဒါ​ပေမဲ့ နင့်ရဲ့ လက်​​မောင်းသေး​သေး​လေး​တွေ​ခြေ​ထောက်​​သေး​သေး​တွေနဲ့ဆို ငါတို့​တွေ မိုးချုပ်လာတဲ့အထိ ​တောင်​စောင်း​ကို​တောင် ​ရောက်မှာမဟုတ်ဘူး "

မုယွဲ့ ရှီး ရဲ့ မျက်နှာ​လေးမှာ နီမြန်းလာခဲ့ပြီး သူမ
ကို ​အေးစက်စွာစိုက်ကြည့်လာပြီး -
" မင်း ငါ့ ကို ဒီလို​ခေါ်စရာမလိုဘူး "

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Wo Geschichten leben. Entdecke jetzt