အခန်း - ၃၁
|| ရည်ရွယ်ချက်ရှိရှိဖြင့် ချန်ထားရစ် - ၁||
-------- uni - version ---------
----- translator @Lavendar___kitty-----ရုတ်တရက်ကြီး မထင်မှတ်ထားသည့် တိုက်ခိုက်
မှုဖြစ်တာကြောင့် တင်းယိ မျက်လုံးတွေမှာ
ကူကယ်ရာမဲ့ ဖြစ်သွားလေ၏ ။ သို့သော်လည်း
သူမ မတုံ့ပြန်နိုင်သေးခင် အချိန်မှာပဲ သရဲမ
၏ လက်က သူမရင်ဘတ်ရှေ့ တစ်လက်မ
အလိုလေးတင် ရပ်တန့်သွားလေသည် ။သရဲမ မှာ အေးခဲသွားပြီး သူ့ လည်ပင်းကို
တင်းကြပ်စွာ လှည့်ကြည့်လိုက်တယ် ;
" မင်း .... "သူမ အနောက်မှာတော့ မုယွဲ့ ရှီး က ရပ်နေခဲ့
ပြီး သူ့ မျက်နှာလေးက အရိပ်ကွယ်နေကာ
မျက်ခုံး နှစ်ခုကြားထဲမှာတော့ မည်းမှောင်
နေသည့် အရိပ်တစ်ခုက ထွက်ပေါ်လာခဲ့သည် ။နတ်ဆိုးစွမ်းအင်တွေ ဖုံးလွှမ်းထားသည့် သူ့
လက်သေးသေးလေး ကို အေးစက်စွာဆွဲထုတ်
လိုက်ပြီး နောက်ကျောမှာရှိနေတဲ့ ' ရုပ်သေးရုပ် '
ဟူသည့် စာလုံးနှစ်လုံးကို ယူလိုက်သည် ။အဲ့ဒီ့နောက်မှာတော့ သရဲမ က စူးစူးဝါးဝါး
အော်ဟစ်လိုက်လာသည် ။ သူမ ၏ ဖြူဖျော့
နေတဲ့ မျက်နှာက တောင့်တင်းသွားခဲ့ပြီး သူမ
ခန္ဓါကိုယ်တစ်ခုလုံးက လူမျက်နှာထွင်းထုထား
သည့် သစ်သားအပိုင်းအစလေး တစ်ခုအဖြစ်
ကျုံ့ သွားခဲ့သည် ။ အဲ့ဒီ့ပစ္စည်းလေး မြေပြင်
ပေါ် ကို ပြုတ်ကျသွားပြီး အက်ကွဲသွားတော့
သည် ။မုယွဲ့ ရှီး က သူ့လက်ထဲက သစ်ခေါက် အပိုင်း
တစ်ခုကို လွှင့်ပစ်လိုက်ပြီး မျက်နှာလေး
ကို မော့ကြည့်လိုက်ချိန်မှာတော့ သူ့ ရဲ့ မည်းမှောင်
နေတဲ့ အမူအရာကနေ ချက်ချင်းဆိုသလို
အပြစ်ကင်းစင်ပြီး တောက်ပသည့် အမူအရာလေး
ဖြစ်သွားတော့သည် ။ သူက တင်းယိ စီကို
ပြေးသွားလိုက်ပြီး ပွေ့ ဖက်ကာ ;
" တင်းယိ ကြည့်ပါဦး ၊ အဲ့ဒါက သစ်သားရုပ်
တစ်ခုသက်သက်ပဲ "တင်းယိ မှာ ထိတ်လန့်တုန်လှုပ်နေဆဲဖြစ်ပြီး
သူမ ၏ မသိစိတ်ဖြင့် သူမ နှလုံးသားလေးကို
ချော့မြူလိုက်သည် ;
အဲ့ဒါကြောင့် ငါ့ နှလုံးခုန် ရပ်လုနီးပါးပဲ
أنت تقرأ
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
عاطفيةTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...