အခန်း - ၁၈
|| အသက်ရှင်ဖို့အတွက် သရုပ်ဆောင်
ကောင်းရမယ် - ၃ ||--------------
Unicode
Translator ; @kissmarry - Lulu.တင်းယိ က သူမ ရဲ့ ရှည်လျားတဲ့ ဆံပင်တွေ
အဖျားထိ ရောက်သည်အထိ စူးစိုက်ကြည့်နေ
ခဲ့သည် ။ သူမ က သူမ ရဲ့ ပေါင်သား ကို
ဆွဲဆိတ်ဖျစ်ညှစ်လိုက်ပြီး မျက်ရည်တွေကို
ညှစ်ထုတ်လိုက်သည် ။ တကယ့်မှမသိရင်
သူမ ပုံစံက သေမင်းကို အေးအေးလူလူ
ရင်ဆိုင်မည့်ပုံပင် -
" တကယ်လို့ သခင်လေးသာ ကျွန်မ
အသက်ကို လိုချင်တယ်ဆိုရင်လည်း ကျွန်မ
မငြင်းပါဘူး ဒါပေမဲ့ ကျွန်မ မေးခွန်း ကို
တော့ ဖြေပေးနိုင်မလား ? "လုလီဟုန် က ခဏလောက် တိတ်ဆိတ်သွား
ပြီးမှ ခေါင်းညိတ်ကာ ပြောလာခဲ့သည် ။" မေးပါ "
တင်းယိ ရဲ့ သရုပ်ဆောင် skill တွေက ချက်ချင်း
ကို ကောင်းမွန်လာပြီး သူမ က သနားစရာကောင်း
သည့် အသံဖြင့် ညည်းညူပြောဆိုလာခဲ့သည် ။
" မိစ္ဆာတွေ နဲ့ နတ်ဆိုးတွေက ဆိုးရွားစွာ
မွေးဖွားလာတယ်လို့ ရှင်ပြောတယ် ။ ဒါဆို
လူသားတွေကရော ကြင်နာမှုရှိလို့လား ? ,
အဲ့ဒီ့ညက အဖြစ်အပျက်တွေကို လုသခင်လေး
လည်း မြင်တွေ့ ခဲ့ရတာပဲ ။ သူတို့တွေက
ငွေ နဲ့ ပတ်သက်ပြီး လူ့အသက်တွေကို သတ်ပြီး
ဂရုမစိုက်ကြဘူး ၊ အဲ့ဒီ့လိုလူတွေကရော
မိစ္ဆာ ကျင့်ကြံသူတွေ နတ်ဆိုးတွေထက် မြင့်မြတ်
ပါသလား ? ။ ဒါဆို ဘယ်လို မိစ္ဆာတွေ နတ်ဆိုး
တွေက သေသင့်တာလဲ ဖြေပေးပါ သူတို့တွေ
ကရော မသေသင့်ဘူးလား ? "နတ်ဆိုးတွေ မိစ္ဆာတွေက မွေးရာပါ ဆိုးဝါး
တယ်ဆိုတာ မှန်ပေမဲ့လည်း လူသားတွေက
လည်း အမြဲတမ်းကြင်နာတတ်တဲ့သူတွေ
မှ မဟုတ်တာ ။ လူတွေ မကောင်းတာလုပ်
တဲ့ အခါ အခြားအရာတွေထက်အဆပေါင်းများစွာ ကြောက်စရာကောင်းလေ၏ ။အမှန်တိုင်း ရှင်းရှင်းပြောရလျှင် သူမ မှာ
နတ်ဆိုး ကျင့်ကြံသူ ဆိုသည့် ဂုဏ်ပုဒ်ကြီး
လည်း ရှိမနေပေ ၊ ဒီတော့ သူမ ကျရှုံးသွား
မယ်ဆိုရင်တောင် ကိုယ့်ကိုကိုယ် ခုခံကာကွယ်
မှုအဖြစ်သာ သတ်မှတ်မည် ဖြစ်သည် ။
YOU ARE READING
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...