အခန်း -၈၃ || မင်းငါ့ကို တကယ်သဘောမကျဘူး - ၁ ||

303 47 2
                                    

အခန်း - ၈၃ 

|| မင်းငါ့ကို တကယ်သဘောမကျဘူး - ၁ ||

သူက ထိုစကားနှင့်အတူ သူ့ လက်
က  သူမ ရဲ့  ကျောပြင်တစ်လျှောက်
ကို ပြေးဆင်းသွားပြီး ဖြည်းညှင်း
စွာဖြင့်  ပွတ်သပ်နေခဲ့သည်  ။

တင်းယိမှာ တောင့်ခဲနေမိကာ အဲ့ဒီ
အပြုမူနှင့် ပတ်သက်ပြီး ဆိုးဝါးစွာ
ခံစားနေရသည် ။ သူမ သူ့ကို တွန်း
ဖယ်ရန် ကြိုးစားလိုက်ပေမဲ့ သူမ
လှုပ်ရှားလိုက်သည်နှင့် မုယွဲ့ ရှီး က
ဦးစွာ သူမ လက်ကို ဖမ်းဆုပ်လိုက်
သည်  ။

သူ့ ခွန်အားက အနည်းငယ်ပြင်းထန်
နေပြီး သူ့ ရဲ့ ဖမ်းဆုပ်ခံထားရတဲ့
တင်းယိ ၏ လက်ကောက်ဝတ်လေး
မှာ နာကျင်လာခဲ့သည်   ။

သူမမှာ သူ့ရဲ့ မျက်နှာကို မမြင်တွေ့
ရသည့်အထိ ပွေ့ ဖက်ခံထားရသော်
လည်း  မျက်မှောင်ကြုတ်လိုက်ကာ
ပြောလိုက်တယ် : “ နင် ဘာဖြစ်လို့လဲ ?
နင့် လက်ကို မြန်မြန်လေး လွှတ်ပေး
ပါဦး  , ငါ နာနေပြီ   ”

မထင်မှတ်ထားသည်မှာ မုယွဲ့ ရှီး
က ခေါင်းမာနေပြီး ဂရုမစိုက်သလို
ဖြင့် ပြန်လည်တုံ့ပြန်ပေးလာသည် :
“   မလွှတ်ပေးဘူး    ”

တင်းယိ ထိတ်လန့်သွားတယ် ။

“  နင် .....  ”

မုယွဲ့ ရှီးမှာ သူမ ကိုယ်လုံးလေး တောင့်
တင်းသွားသည်ကို ခံစားလိုက်ရတော့
ပွေ့ ဖက်ရာကနေ လွှတ်ပေးလိုက်
ပေမဲ့လည်း သူမ လက်ကို ဆုပ်ကိုင်
ထားသည်ကိုတော့ မလွှတ်ပေးလာ
ခဲ့ချေ   ။

သူ့ မျက်လုံးတွေက မော့ကြည့်လာ
ချိန်မှာတော့ ရေမျက်နှာပြင်အား
ရောင်ပြန်ဟပ်နေသည့် လှပတဲ့
အလင်းရောင်ဟပ်နေသည့် အနက်
ရောင် မျက်လုံးတွေကို မြင်တွေ့လိုက်
ရသည်  ။ သူ့ အပြုံးက နည်းနည်းလေး
မပျော်မရွှင်နေပုံရကာ ပြောလာတယ် : 
“ ငါ လွှတ်ပေးလိုက်ရင်  မင်း
ထပ်ပြီး ထွက်ပြေးသွားဦးမှာလေ   ”

ချက်ချင်းဆိုသလို တင်းယိ ၏
မျက်နှာမှာ ထိုအချိန်ခဏမှာ ဖြူဖျော့
သွားခဲ့သည်  ။ သူမ ရဲ့ နှလုံးခုန်က
ပြင်းထန်စွာဖြင့် ထွက်ပေါ်လာခဲ့
ပြီး  မေးခွန်းအား မေးလိုက်မိသည် ။
“   နင် - နင်- နင် .... နင် ဘယ်သူလဲ ?  ”

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Donde viven las historias. Descúbrelo ahora