အခန်း - ၁၁||ငါ​လေးက အားနည်းတဲ့မိန်းမသားတစ်​ယောက်ပါ-၃||

1.7K 218 0
                                    

အခန်း - ၁၁

ငါ​လေးက ​အားနည်းတဲ့ မိန်းမသား​
တစ်​ယောက်ပါ - ၃ 》

translator - @ Lavendar ___ kitty .
uni - version
-------------------

မုယွဲ့ ရှီး မှာ အခုချိန်မှာ အလွန်ကို တိတ်ဆိတ်​နေပြီး
အကျင့်စာရိတ္တ​ကောင်းမွန်တာ​ကြောင့် သူ့ ​ဒေါသကို​
​ဖြေ​ဖျောက်ဖို့အတွက်​တော့ ပန်းကန်လုံးတစ်လုံး
ကို​တော့ အခြားသူတစ်​ယောက်ရဲ့ မျက်နှာ​ပေါ်
လွယ်လွယ်ကူကူနဲ့​တော့ ပစ်ချမှာမဟုတ်​ပေ ။
အဲ့ဒီ့အစား သူက သစ်သားခုံ​ပေါ်မှာပဲ နာခံစွာထိုင်
​နေ​လေသည် ။ သူ့အ​ရှေ့က ပန်းကန်လုံးက​တော့
သူ့ မျက်နှာ​လေးထက် အနည်းငယ်​တော့ ပိုကြီး​နေ​လေရဲ့ ။

ဒီမြင်ကွင်းကို မြင်ရချိန်မှာ​တော့ တင်းယိ မှာ
အပြစ်ရှိသလို ခံစား​နေရ​လေသည် ။ ဒီက​လေး
ကို အာဟာရချိုတဲ့​အောင် ပျိုး​ထောင်တဲ့သူ​တော့
မဖြစ်ချင်ပါဘူး ။

တင်းယိ က ဟင်းချို​ခေါက်ဆွဲအ​ပေါ်မှာရှိ​နေတဲ့
နုတ်နုတ်စဥ်းထား​ပေးတဲ့ အသားဖက်​တွေကို
ဆယ်ယူကာ သူ့ ပန်းကန်​လုံး ထဲထည့်​ပေးလိုက်တယ်။
အဲ့ဒီ့​နောက်မှာ​တော့ သူမ က ​နွေး​​နွေး​ထွေး​ထွေးပဲ ရှင်းပြ​ပေးလာခဲ့သည် -
" ငါတို့မှာ ပိုက်ဆံအများကြီးမရှိ​တော့ဘူး​လေ
ဒီ​တော့ တတ်နိုင်သမျှ​တော့ တို့​တွေ ​ခြွေတာရမယ်မလား ယုလင်း ​တောင်နယ်​မြေထဲ​ရောက်တဲ့အချိန်ကျရင်​တော့ငါတို့​တွေ ​စား​ကောင်း​သောက်​ကောင်း​တွေ စားရမှာပါ ၊ လာ
မြန်မြန်​လေး စားလိုက် "

မုယွဲ့ ရှီး က သူ့ ပန်းကန်ထဲက ရိုးရှင်းတဲ့ ခေါက်ဆွဲ
​တွေ တိတ်တဆိတ်ပဲကြည့်ကာ မသိမသာပဲ တူ​ချောင်း
​တွေကို ​ကောက်ကိုင်လိုက်တယ် ။ သူက သူ့ ပန်းကန်
ထဲမှာရှိ​နေတဲ့ ​ခေါက်ဆွဲဖက်​​တွေကို အမှတ်တမဲ့
အ​နေနဲ့ဆယ်ယူလိုက်ပြီး တင်းယိ ရဲ့ပန်းကန်လုံးထဲကို
ဂရုတစိုက်နဲ့ ထည့်​ပေးလိုက်သည် ။

" ကျွန်​တော်က ငယ်​သေး​တော့ အများကြီး
မစားနိုင်ဘူး " - သူ့ ရဲ့ အသံ​လေး က ​လေးနက်မှု
​အရိပ်အ​ယောင်​တွေ​​တော့ ရှိ​နေဆဲဖြစ်သည် ။
ခဏ​လောက် နားလိုက်ပြီး သူက ထပ်​ပြောလာခဲ့
တယ် -
" ကျွန်​တော် ​နောင်အနာဂတ်​တွေမှာလည်း
နည်းနည်း​လေးပဲ စားနိုင်တယ် "

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now