အခန်း - ၈၁ || ငါတို့နှစ်ယောက်တည်းနဲ့လုံလောက်ပြီ - ၁ ||

422 56 10
                                    

အခန်း - ၈၁

|| ငါတို့နှစ်ယောက်တည်းနဲ့ ပြည့်စုံ
ပြီ - ၁||

တင်းယိ ဘာကြောင့် သူ ခါးခါး
သီးသီး ငြင်းဆန်နေရသလဲ နားမ
လည်ပါချေ   ။ သူမ မှာ လှုပ်ရှားလို့
မရတာကြောင့် သူ့ သဘောအတိုင်း
သာ လွှတ်ထားပေးရန် တတ်နိုင်တော့
သည်  ။  သူ ရောက်လာသည်နှင့်
အနီးနားမှာ ရှိနေတဲ့ မြှူတွေက
ပျောက်ကွယ်သွားတော့ သူမ မြင်
ခဲ့ရတာတွေက ထင်ယောင်ထင်မှား
ဖြစ်ပေလိမ့်မည်  ။

တင်းယိ မှာ သက်ပြင်းတစ်ချက်
အား ချလိုက်ပြီး သဘောတူညီမှု
လုပ်သလိုမျိုးဖြင့်  -  “  ကောင်းပြီ ,
ကောင်းပြီ  ၊  ငါ နင့်အနောက်ကိုပဲ
လိုက်ပါ့မယ်   နင် .... ငါ့ကို အရင်
လွှတ်ပေးလို့ရမလား   ?     ”

သူမ က ပြောနေရင်းနဲ့ပဲ ချော့မြှူ
နေသလို သူ့ ကျောပြင်အား ဖွဖွ
လေး ပုတ်ပေးကာ ပြောလာသည် ။
“   ငါ  ထပ်ပြီးတော့ မထွက်ပြေး
တော့ပါဘူး   ၊  ဒါနဲ့ အခု ငါတို့တွေ
ဘယ်ရောက်နေလဲ နင် သိလား  ?
ဒီနေရာနဲ့ အနီးဆုံးနေရာက ဘယ်
နေရာလဲ  ? ”

တင်းယိ  လှည့်ပတ်ကြည့်လိုက်မိ
တော့ ရှုခင်းတွေက တနည်းနည်း
နဲ့ ပြောင်းလဲသွားသလို ခံစားလိုက်
ရတယ်  ။  မြှူခိုးတွေ များလာပြီး
နောက် တောအုပ်ကြီးလည်း ပျောက်
သွားခဲ့သည်     ။

“  အနောက်မြောက်ဘက် ” ။ မုယွဲ့ ရှီး
အသံက တိုးလျနေပြီး သူမ အား
နောက်ဆုံးမှာတော့ ဖြည်းဖြည်းချင်း
လွှတ်ပေးလာခဲ့ကာ သူ့ မျက်ဝန်းတွေ
ဖြင့် ငုံ့ကြည့်လာပြီး အဖြေပြန်ပေး
လာသည် : “ ကျွန်တော်တို့တွေ
လျှို့ဝှက်နယ်မြေရဲ့ အစွန်းထောင့်
မှာ ရှိနေကြတာ  ”

တင်းယိ အံ့အားသင့်သွားသည် ။
“   မို့ချန်း နဲ့ အခြားသူတွေကရော ?  ”

အခု  သူတို့တွေက လျှို့ဝှက်နယ်မြေ
ရဲ့ အစွန်းမှာ ရောက်နေကြတော့
ကျန်းမို့ချန်းနဲ့ အခြားသူတွေ ကို
တွေ့ ဆုံနိုင်မည့် အခွင့်ရေးက
အလွန်ရှားသွားပြီ  ။  အဲ့တော့
မူရင်းဇာတ်ကြောင်းနှင့်လည်း
ကွာသွားပေမည်    ။

မုယွဲ့ ရှီး မှာ ထိုအချိန်၌ တင်းယိ
ဘာတွေးနေသလဲ မသိရသော်လည်း
သူက လျစ်လျူရှုကာ  “  မသိဘူး ”
ဆိုသည့် စကားကိုပဲ တုံ့ပြန်ပေး
လာ၏    ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||حيث تعيش القصص. اكتشف الآن