အခန်း - ၉
《 ငါလေး က အားနည်းတဲ့ မိန်းမသား
တစ်ယောက်ပါ - ၁ 》Uni-version
Translator -@ Lavendar ___ kitty .
-----------------------------မနေ့ညက မိုးအရွာအပြီးမှာတော့ နောက်တစ်နေ့၌
တိမ်တွေကင်းစင်သည့် သာယာသောနေ့လေး
တစ်ရက်ဖြစ်သည် ။တင်းယိ က သူမ ကိုယ် သူမ စိတ်ဓါတ်ကိုမြှင့်တင်
ကာ မနက်စောစောနိုးလာခဲ့သည် ။ သူမ ရဲ့ ခေါင်း
ကို လှည့်ကြည့်မိတော့ သူ့ ရဲ့ ခန္ဓါကိုယ်တစ်ဝက်လောက်ကို သူမ ကိုမှီပြီး အိပ်နေတဲ့ မုယွဲ့ ရှီး ကိုတွေ့ လိုက်ရတယ် ။ သူ့ ရဲ့ ဖြူဖွေးနူးညံ့နေတဲ့
လက်မောင်းတွေက ခြုံစောင်ကြားထဲမှာရှိနေပြီး
ပျော့ပျောင်းတဲ့ အနက်ရောင် ဆံပင်တွေကြားမှာ လက်ချောင်းသေးသေးတွေက နေရာယူထား
သည်က ; အရမ်းချစ်စရာကောင်းတာပဲ ။တင်းယိ မှာ သူမ ရဲ့ အားအင်တွေပြည့်နေတာကြောင့်
သူမ ကိုယ် သူမ နေရထိုင်ရသည်မှာ သက်တောင့်
သက်သာဖြစ်နေသည်ကို ခံစားရလိုက်သည် ။ဒီနေ့က သူမတို့ သခင်လေး ရဲ့ အနာဂတ်အတွက်
ကြိုးစားရမဲ့ နေ့တစ်နေ့ပဲ ။တင်းယိ က သူမရဲ့ ခြေလက်တွေကို ပေါ့ပေါ့ပါးပါး
လှုပ်ယမ်းကာ ထလိုက်ပြီး သူမကိုယ်သူမ ဆေးကြော
သန့်စင်လိုက်တယ် ။ အဲ့ဒီ့နောက်မှာတော့ သူမ ဗိုက်ကိုဖြည့်တင်းရန် အတွက် တစ်ခုခုကို လွယ်လွယ်ကူကူပဲ ရှာတွေ့ ခဲ့သည် ။သူမ အဝေးတစ်နေရာကို ခရီးထွက်ရန်အတွက်
စဥ်းစားလိုက်တယ် ။ အဲ့ဒီနောက်မှာတော့ သက်ကယ်
အိမ်လေးရဲ့ ထောင့်နေရာတိုင်းမှာ လမ်းခရီး၌ အသုံး
ပြုနိုင်တဲ့ အရာအားလုံးကို ရှာတွေ့ ခဲ့သည် ။ ပြောစရာတောင်မလိုအပ်ဘူး ဒီအိမ်အိုလေး ထဲမှာ အရာအားလုံးရှိနေတာပဲ ။တင်းယိ က system ကို အနှောက်အယှက်ပေး
ကာ ဝါးခြမ်းတွေကို ခြင်းတောင်းအဖြစ်ပြုလုပ်
ရန် သပ်သပ်ရပ်ရပ်ပဲခင်းကျင်းလိုက်သည် ;
အန်ကယ် , နင် ငါ့ကို နောက်ထပ် skill တစ်ခု
ထပ်ပေးမယ်ဆိုရင် ဘယ်လိုသဘောရလဲ ? ။
ငါတို့ ယုလင်း နယ်မြေကို သွားရတဲ့ ဒီခရီးက
အသက်မွေးဝမ်းကြောင်းပြုဖို့အတွက်လေ တကယ်လို့
မကောင်းဆိုးဝါးတွေ နဲ့ နတ်ဆိုးတွေသာ ငါတို့
ကို မျက်စိကျသွားရင်တော့ တကယ့်ကို ကပ်ကြီးဆိုက်
ပြီးပဲ ။
ВЫ ЧИТАЕТЕ
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
Любовные романыTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...