အခန်း - ၅ ၂
|| အနက်ရောင် အခန်းကျဥ်းလေး - ၂ ||
" ကောင်းပြီ , အစ်မ နားလည်ပြီ "
စိုးရိမ်မှုတွေက တရိပ်ရိပ်ဖြင့်သာ တင်းယိ
ကို လွှမ်းခြုံလာခဲ့သည် ။ ထို့နောက်မှာတော့
ကျန်းမို့ချန်း ကို သူမ အခန်းမှာရှိသည့်
' ဝိဉာဥ်တည်ငြိမ်ဆေး ' အား ယူလာခိုင်း
လိုက်ပြီး မုယွဲ့ ရှီး ၏ နဖူးကို လက်ချောင်း
တွေဖြင့် ဖိကပ်ထားရင်း ဘာလုပ်လို့ ဘာကိုင်
ရမှန်း မသိဖြစ်နေတော့တယ် ။မုယွဲ့ ရှီး အရွယ်ရောက်လာသည်နှင့်အမျှ
သူ့ ကိုယ်ထဲက နတ်ဆိုးဗီဇတွေက ထိန်းချုပ်ရ
ခက်ခဲလာလိမ့်မယ်ဆိုတာကို သူမ သိထား
သည် ။ သူ့ ခန္ဓါကိုယ်ထဲက နတ်ဆိုး ( ၁၀၀၀၀ )
သွေးတွေက သူ့ ကို ပျောက်ဆုံးစေပြီး
နိုးသည်ဖြစ်စေ ၊ အိပ်ပျော်နေသည်ဖြစ်စေ
နာကျင်စေမှာပဲဖြစ်သည် ။အဲ့ဒီ့နာကျင်မှုက တစ်နှစ် တစ်ကြိမ်ဖြစ်ပေါ်
လာတတ်တဲ့ နာတာရှည် ရောဂါတစ်ခုနှင့်
တူညီပြီး system တောင် ဖြေရှင်းလို့
မရနိုင်တဲ့ အရာဖြစ်သည် ။ထိုပြသနာက တင်းယိ ရဲ့ ထိပ်တန်း
ဦးစားပေးဖြစ်သလို ယုလင်းတောင် ကို
အလျင်စလို ပို့ပေးချင်ရတဲ့ အဓိက
အကြောင်းအရင်းပဲဖြစ်သည် ။ ထိုအရာ
က မုယွဲ့ ရှီး , သူ့ ရဲ့ သွေးတွေကို
ဖိနှိပ်ထားနိုင်မည့် တစ်ခုတည်းသော
နည်းလမ်းဖြစ်သည် ။အစပိုင်းတုန်းက သူမ ရဲ့ အကြံအစည်
တွေက အဆက်ပြေပေမဲ့လည်း မမျှော်လင့်
ဘဲ လူသတ်သမား တစ်အုပ်က ဘယ်နေရာ
ကနေ ထွက်လာလို့ ထွက်လာမှန်းမသိတဲ့
အပြင် သူ့ ရဲ့ နတ်ဆိုး ( ၁၀၀၀၀ )
သွေးတွေကို ပိုပြီး ဆိုးရွားစေခဲ့တယ် ။တင်းယိ မှာ နောက်ကွယ်မှာရှိနေတဲ့
အမြှောက်ဇာတ်ကောင် နတ်ဆိုးသခင်
ကို တိတ်တဆိတ်ပင် ကျိန်ဆဲနေမိတော့
သည် ။ယခုလက်ရှိ မုယွဲ့ ရှီး ရဲ့ အသားအရေမှာ
ဖြူဖျော့နေခဲ့ပြီး သူ့ ခန္ဓါကိုယ်ကလည်း
ရေခဲတုံး လို အေးစက်နေသည် ။
ရှုပ်ပွနေတဲ့ မှင်လို မည်းနက်နေသည့်
ဆံပင်တွေက အေးစက်တဲ့ ချွေးတွေကြောင့်
စိုရွဲနေပြီး သူ့ မျက်ခုံးကြားက အနက်ရောင်
အမှတ်မှာလည်း မှိတ်တုတ် ,မှိတ်တုတ်ဖြစ်နေ
လေ၏ ။ သိသိသာသာကို သူ့ ရဲ့
လူသတ်ချင်နေတဲ့ ဆန္ဒကို တွန်းလှန်နေပုံ
ရပြီး မျက်လုံးထောင့်တွေမှာလည်း
အနီရောင် line တွေ ဖြစ်ပေါ် လာရသည် ။
ŞİMDİ OKUDUĞUN
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomantizmTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...