အခန်း - ၃၀
|| အဆိုးတကာ အဆိုးဆုံးပဲ , ငါတို့တွေ တေစ္ဆ နဲ့
ညှိနှိုင်းကြမယ် - ၂ ||-------- uni - version ---------
-------- translator @Lavendar___kitty ----မုယွဲ့ ရှီး က ပုံမှန်ဆိုရင် နာခံလွယ်ပေမဲ့လည်း
သူ့ မျက်နှာလှလှလေးပေါ်မှာ ချီတုံ့ချတုံ့ဖြစ်
သည့် အခိုက်အတန့်လည်းရှိသေးသည် ။တင်းယိ မှာ သရဲ နှင့် စကားပြောရန်အတွက်
အလွန်စိတ်လှုပ်ရှားနေပြီး ဖယောင်းတိုင် ၊
ငွေစက္ကူရွက် နှင့် အခြားလိုအပ်တဲ့ ပူဇော်
ပစ္စည်းအမျိုးအစားတွေကို ပြင်ဆင်ထားလေ
သည် ။ဆေးသုတ်ထားသည့် တံခါးက ကျိုးပဲ့နေပြီ
ဖြစ်သော်လည်း ၎င်းကို ပြန်ပြင်ရန် စိတ်မဝင်
စားတော့တာကြောင့် ဒီတိုင်းပဲထားလိုက်တော့
သည် ။ညစာစားပြီးနောက်မှာတော့ တံခါးကို ဖွင့်ဟ
ထားခဲ့ပြီး တင်းယိ နှင့် မုယွဲ့ ရှီးတို့က
ခြံအလယ်ကို ခုံတန်းအရှည်တစ်ခုယူလာ
ထားလေသည် ။ နှစ်ယောက်သား ဖြစ်လာ
မည့် အကျိုးဆက်တွေကို တွေးမနေကြပဲ
ညဥ့်ရောက်လာမည် အချိန်ကိုသာ တည်တည်
ငြိမ်ငြိမ်နှင့် စောင့်မျှော်နေလေ၏ ။လာခဲ့စမ်းပါ ! နင့်ကို ဘယ်သူမှမကြောက်ဘူး !
ကောင်းကင်က မှောင်မည်းလာပြီး လမင်းကြီး
က အထက်ကို တက်လာသည့် အချိန်မှာတော့
အဝေးက ခွေးဟောင်သံတွေက တစထက်တစ
ပိုပိုပြီး ကျယ်လောင်လေ၏ ။ အေးစက်ကြမ်းတမ်း
မှုက ဖြတ်သန်းသွားပြီးနောက်မှာ ည , ပတ်ဝန်းကျင်
က တုန်လှုပ်ခြောက်ခြားစရာ အခြေနေသို့
ပြောင်းလဲသွားခဲ့သည် ။တင်းယိ က မုယွဲ့ ရှီး ကို တင်းတင်းကြပ်ကြပ်
ဖက်ထားပြီး သူမ ၏ စိတ်နှလုံးအစုံကို ငြိမ်အောင်
ကြိုးစားနေသည် ။ သူမ က တံခါးဝကို
စိုက်ကြည့်ရင်း system ကို မေးလိုက်တယ် -
အဲ့ဒါရောက်နေပြီလားဟင် ရောက်နေပြီလား ,
ငါတို့ရဲ့ တည်တည်ငြိမ်ငြိမ်ရှိတဲ့ အပြုအမူတွေ
က သူ့ ကို ရှိန်စေတယ်မဟုတ်လားဟဲ့ ? ။
YOU ARE READING
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...