အခန်း - ၆၉ ||သူတစ်ခုခု​တော့မှား​နေပြီ - ၂||

617 71 9
                                    


အခန်း - ၆၉ ||သူတစ်ခုခု​တော့မှား​နေပြီ - ၂||

ကျန်းမို့ချန်း ၏ အသား​ရေမှာ ​ဒေါသ
​ကြောင့်  နီရဲ​နေကာ   အဲ့ဒီ့​အ​ကြောင်း
ကို ​ပြောရန်ဝန်​လေး​နေသလိုမျိုးဖြစ်​နေ
ပြီးမှ   သတိအပြည့်ဖြင့် ​ပြောပြလာတယ်  :
"  ကျွန်​တော်တို့​တွေ   ချီယွမ်မြို့  က
ပြန်​ရောက်လာပြီးကတည်းက  သူ့ ( မ  )
အမူအရာ​တွေက  ထူးဆန်း​နေတာ      "

"   ဘာ​တွေ ထူးဆန်း​နေတာလဲ ?   "
တင်းယိ ​မေးလိုက်သည်   ။

"    သူ့  ( မ  )  အမူရာ​တစ်ခုတည်းနဲ့ 
စကားလုံးတွေကို ခဏခဏ ပြုမူ​နေတာ
လားမသိဘူး  ?  ဘယ်လိုပဲဖြစ်ဖြစ် .....   "
ကျန်းမို့ချန်း  ၏  စကား​တွေမှာ ရပ်တန့်
သွားခဲ့သည်    ။ တပြိုင်နက်တည်းမှာပဲ
တင်းယိ ရဲ့   ​လေသံ၌  စိုး ရိမ်ပူပင်မှု​တွေ
ပါဝင်​နေသည်ကို  သတိထားလိုက်မိတယ် ။
သူ  မျက်​မှောင်ကြုတ်လိုက်ပြီး ဟန်လုပ်
​မေးလိုက်သည်  ။   "   မမ တင်း  ,
ရုတ်တရက်ကြီး  အစ်မ ဘာဖြစ်လို့ 
သူ့ (  မ   ) အ​ကြောင်း စိတ်ဝင်စားသွား
ရတာလဲ   ?     "

ဒါ​ပေါ့ , အမျိုးသားဇာတ်​ဆောင်မှာ
ဒီလို ကြီးမားတဲ့ ပြသနာကြီးနဲ့​တွေ့ ကြုံ
ခဲ့ရပြီး ​ဒါက ငါ့ ရဲ့ တာဝန် နဲ့ ဆက်စပ်
​နေနိုင်တယ်​​လေ ။ ဘယ်လိုလုပ် စိတ်မပူဘဲ
​နေမှာတုန်း ?

တင်းယိ ပြန်ပြီးမ​ပြောနိုင်ချိန်မှာပဲ
ကျန်းမို့ချန်း က အသံတိတ်လှုပ်ရှားမှု
တစ်ခုကို ပြုလုပ်လိုက်ပြီး သူမ ကို
ကြားဖြတ် ​ပြောလာ​လေသည် ။

ရုတ်တရက်ဆိုသလို သူ့ အသံကို တိုးလျ
လိုက်ပြီး အမှန်တစ်ဝက် , အမှားတစ်ဝက်
ဖြင့် ​လှောင်လာတယ် : " မမတင်း ,
အစ်မ သိချင်တယ်ဆို ဘာဖြစ်လို့ မုယွဲ့ ရှီး
ပြန်အလာကို မ​စောင့်တာလဲ ? ​ပြောမရဘူး,
ဒီလို ယုတ်မာတဲ့ လှည့်ကွက်မျိုးကို သူ
သိရင်သိနိုင်မှာပဲ​​လေ "

တင်းယိ ၏ အသား​​ရောင်မှာ အနည်းငယ်
​​ပြောင်းလဲသွား​တော့သည် ။

သူ့ စကားဆုံးသွားသည်နှင့် တပြိုင်နက်
တည်း အပြင်ဘက်၌ ကြီးမားကျယ်​​လောင်
သည့် ရုန်းရင်းဆန်ခတ်က ထွက်​ပေါ်
လာသည် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Donde viven las historias. Descúbrelo ahora