အခန်း - ၇၄ || ငါ့ကို ကာကွယ်ပေးဖို့ နင့်ကိုပဲအားကိုးတော့မယ် - ၁ ||

460 61 4
                                    

အခန်း - ၇၄

|| ငါ့ကို ကာကွယ်ပေးဖို့ နင့်ကိုပဲ
အားကိုးတော့မယ် - ၁ ||

ဘယ်သူမှလည်း မရှိပါလား ?

တင်းယိ မျက်မှောင်ကြုတ်လိုက်
မိပြီး ကျောက်သားနံရံတွေကို
အထောက်ပံ့ယူကာ အထဲသို့ ဝင်လာ
ခဲ့သည် ။ ကျောက်လှိုဏ်ဂူကြီး က
ရိုးရိုးရှင်းရှင်းနှင့် ကြည့်ကောင်း
သော်လည်း ရေခဲလှိုဏ်ဂူလိုမျိုး
အေးစက်သည့် လေအေးတွေ
ကြောင့် အေးစိမ့်နေလေ၏ ။
အထဲကို ပိုပြီးဝင်လာလေ အအေး
ဒဏ်က ပိုလာလေပဲ ။

တင်းယိ , သူမ လက်မောင်းတွေ
ကို ထွေးပိုက်ကာ အချင်းချင်း
ပွတ်သပ်နေမိတော့သည် ။ သူမ
လျှောက်ဝင်လာရင်းနဲ့ အော်ခေါ်
လိုက်တယ် : " ယွဲ့ ရှီး , နင်
ဘယ်မှာလဲ ? "

သူမ တရားကျင့်သည့် ကျောက်တုံး
အနီးသို့ တိုးကပ်သွားလိုက်ကာ ရပ်
လိုက်ပြီး သူ့ ကို လှည့်ပတ်ရှာပေမဲ့
မတွေ့ ရဘူး ။ သူမရဲ့ စိုးရိမ်စိတ်
က အနည်းငယ် အစပြုလာခဲ့သည် ။

သူ ဖိနှိပ်ထားရာကနေ လွတ်သွား
ပြီးတော့ ရူးသွားတာတော့ မဟုတ်
လောက်ပါဘူးနော် ?

တင်းယိ မှာ စိတ်ပူသွားကာ သူမ
ခြေထောက်အောက်က ရေညှိတွေ
ကို သတိမထားမိဘဲ ချော်လဲသွား
လေသည် ။ သို့သော်လည်း သူမ
ရေကန်ထဲ မပြုတ်ကျခင်မှာပဲ လေ
ပြင်းပြင်းတစ်ချက်က တိုက်ခတ်လာ
ကာ တစ်စုံတစ်ယောက်က သူမ အား
အနောက်ကနေ ဖြည်းညှင်းစွာ ပွေ့ ဖက်
လိုက်သည် ။

ရေစက် အနည်းငယ်က သူမ ရဲ့
လည်တိုင်မှ တစ်ဆင့် သူမ ၏
နှလုံးသားထဲသို့ ရေခဲသဖွယ်တိုးဖောက်
သွားလေ၏ ။

ထို့နောက်မှာတော့ တင်းယိ သူမ
အနောက်ကနေ တိုးလျပြီးတော့
အလွန်အက်ရှရှဖြစ်နေသည့် အသံ
တစ်သံအား ကြားလိုက်ရသည် :
" မင်း ရဲ့ ဒဏ်ရာတွေက သက်သာ
သေးတာ မဟုတ်တော့ ဒီနေရာမှာ
မနေသင့်ဘူး "

မုယွဲ့ ရှီး မျက်လုံးတွေက ချောက်နက်
တစ်ခုသဖွယ် နက်နဲပြီး အုံ့မှိုင်းနေ
ကာ သူမ ကိုယ်လုံး‌လေးထံမှ ဆေးနံ့
သင်းသင်းလေးကို ရှူရှိုက်လိုက်မိ
သည် ။ ရုတ်တရက်ပဲ သူ့ မျက်နှာ
မှာ ဖြူဖျော့သွားကာ ပွေ့ ဖက်ထား
ရာမှ အထိတ်တလန့် လွှတ်ပေးလိုက်
တယ် ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Donde viven las historias. Descúbrelo ahora