အခန်း - ၇၅ || ငါ့ကို ကာကွယ်ပေးဖို့ နင့်ကိုပဲအားကိုးတော့မယ် - ၂ ||

521 70 4
                                    

အခန်း - ၇၅

|| ငါ့ကို ကာကွယ်ပေးဖို့ နင့်ကိုပဲ
အားကိုးတော့မယ် - ၂ ||

တင်းယိ  မုယွဲ့ ရှီး ကို ဂူအပြင်သို့
ခေါ် ထုတ်လာချိန်၌  သေသေသပ်သပ်
ခေါက်ထားသည့် အဝတ်စားတစ်စုံကို
တွေ့ လိုက်ရသည် ။ ကျန်း သခင်လေး
က ဘာကိုမှ ဂရုမစိုက်တတ်ပေမဲ့ 
သူ့  နှလုံးသားကတော့နွေးထွေးသည့်
သူဖြစ်လိမ့်မည်ဟု မမျှော်လင့်ထား
မိတာကြောင့်  သူမအလွန်အံ့ဩသွား
မိတယ်  ။

အပေါ် ယံတွင်  မုယွဲ့ ရှီး နှင့် ခဏ
ခဏ ပြင်းပြင်းထန်ထန် ရန်ဖြစ်‌တတ်
ပေမဲ့လည်း သူတို့ နှစ်ယောက်ကြား
မှာတော့ ခင်မင်ရင်းနှီးမှု အနည်းငယ်
တော့ ရှိသေးသားပဲ    ။ 

နိဂုံးချုပ်ရမယ်ဆိုရင်တော့ မူရင်း
ဇာတ်လမ်းထဲက  သူတို့ နှစ်ယောက်
ရဲ့ ဆက်ဆံရေးထက်စာရင်တော့
အများကြီး ကောင်းမွန်တာပဲရယ်  ။
ချစ်စရာကောင်းတဲ့ ဇာတ်လမ်း
အဆုံးသတ်လေးက မကြာခင်ရောက်
လာတော့မှာပဲ  ! 

တင်းယိ စိတ်ထဲမှာ အရမ်းကို စိတ်လှုပ်
ရှားနေတော့တယ်  ။ သူမ ပြန်ရောက်
တဲ့အခါ  ကျန်း သခင်ငယ်လေး ကို
ယခုထက် ပိုကောင်းအောင် ဆက်ဆံ
ပေးပြီး သူတို့ နှစ်ယောက်ကြားက
ရင်းနှီးဆက်ဆံမှုကို ဒီထက်တိုးတက်
လာအောင် ကြိုးစားပေးမည်ဟု ဆုံးဖြတ်
လိုက်သည်  ။

သူတို့ ပြန်ရောက်လာတော့ ကျန်းမို့ချန်း
က  ဝါးအိမ်လေးစီသို့ ရောက်နှင့်နေပြီ ။

မုယွဲ့ ရှီး ပြန်ရောက်လာတာ မြင်ပေမဲ့
သူ့ မျက်နှာက မည်သည့် ခံစားချက်
ကိုမှ  ဖော်ပြခြင်းမရှိ  ။  သူ့ လက်ထဲ
က ပုလင်းငယ်လေးကို ထုတ်ယူပြီး
သူ့ ( မုယွဲ့ ရှီး  ) အား ပစ်ပေးလိုက်သည် :
"   ဒါက  ဆရာဦးလေး ချန် ပေးခိုင်း
လိုက်တာ     "

မုယွဲ့ ရှီး က ချက်ချင်း 'ကျေးဇူး 'တင်
ကြောင်း ပြန်တုံ့ပြန်လိုက်တယ် ။

တင်းယိ နည်းနည်းလောက် အံ့အား
သင့်သွားပေမဲ့လည်း ဘာမှ မမေးမြန်း
တော့    ။

ကျန်းမို့ချန်း ထွက်သွားသည့်အခါမှ
သာ  မုယွဲ့  ရှီး အား တိုးတိုးလေး
မေးလိုက်သည် ။  "   အဲ့နေ့တုန်း
နင် အဂ္ဂိရတ်ဖိုခန်းထဲ ဝင်သွားချိန်
မှာ နင် ချန်ဂိုဏ်းချုပ် ကိုတွေ့ ခဲ့
သေးလား  ?     "

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||حيث تعيش القصص. اكتشف الآن