အခန်း - ၆၈||သူတစ်ခုခု​တော့မှား​နေပြီ - ၁||

809 79 7
                                    

Uni - version

အခန်း - ၆၈||သူတစ်ခုခု​တော့မှား​နေပြီ - ၁||

အမှန်တကယ်ကို မ​မျှော်လင့်ထားသည့်
အ​​ခြေအ​နေ​ကြောင့် လက်ရှိ ,​လေထု
က ချက်ချင်းဆိုသလို ​တောင့်တင်း​
လာလေ၏ ။

မုယွဲ့ ရှီး ရဲ့ အမူအရာမှာ အနည်းငယ်
စိတ်သက်သာရာ ရသွားသည့်ပုံစံဖြစ်
သွားကာ တံခါးဝ၌ ​​လေး​လေးစားစား
ဖြင့် မတ်တပ်ရပ်​နေသည် ။ သူ့ ရဲ့
နက်​မှောင်ပြီး ​နက်ရှိုင်းသည့် မျက်လုံး
​တွေထဲ၌ ​လေးလံနက်ရှိုင်းတဲ့ လှိုင်းလုံး
​တွေက မြင့်တက်လာခဲ့ပြီး တင်းယိ အား
နက်နက်ရှိုင်းရှိုင်းပင် စူးစိုက်ကြည့်​လိုက်
​သော်လည်း တိတ်ဆိတ်​နေခဲ့သည် ။

" နင်တို့​တွေ .... " တင်းယိ
စကားစလိုက်​ပေမဲ့လည်း သူမ စကား
မဆုံးလိုက်ခင်မှာပဲ ကျန်းမို့ချန်း အား
ဖက်တွယ်ထားသည့် နူးညံ့သိမ့်​​မွေ့တဲ့
ခန္ဓါကိုယ်​လေးက ရုတ်တရက်ဆိုသလို
အခြားဘက်သို့ ယိမ်းယိုင်သွား​တော့
သည် ။

အချိန်​တော်ကြာသည်အထိ မလှုပ်မရှား
နိုင်ဖြစ်​နေသည့် ကျန်းမို့ချန်း က ထို
အ​ခြေ​နေကို ​စောင့်ဆိုင်း​နေခြင်းဖြစ်​ပေ
လိမ့်မည် ။သူ့ ရဲ့ ခန္ဓါကိုယ်အ​ပေါ်ပိုင်းအား ,
တွန်းအား ​ပေးလိုက်ပြီး သူမ ကို တိုက်ရိုက်
ဆိုသလို တွန်းချလိုက်တယ် ။

နူးညံ့တဲ့ အမျိုးသမီး တစ်​ယောက်ရဲ့ ဦး​ခေါင်း
က ကုတင်အစွန်းရှိ သစ်သားတန်းနှင့်
ရိုက်မိသွားပြီး ထွက်​ပေါ် လာသည့် ကျယ်
​လောင်တဲ့ အသံက သာမာန်အား ,ဖြင့်
ရိုက်မိသွားခြင်း မဟုတ်​ကြောင်း သက်​သေ
ပြ​နေ​​လေ၏ ။ ( t \ n- အမှန်ပါ
ဒီ​နေရာမှာ မူရင်းဇာတ်လိုက်မ အတွက်
စိတ်​တောင် မ​ကောင်းဖြစ်သွား​​​သေးတယ် 😆 )
အဲ့ဒီ့​နောက်မှာ​တော့ မိန်း​က​လေးမှာ နာကျင်​နေသည့် သူမ ​ခေါင်းအား , ကိုင်ထား
ရင်း ရုတ်တရက်ဆိုသလို ဖြူ​ဖျော့​နေပြီး
လှပသည့် မျက်နှာ​​​​လေး က ပတ်ဝန်းကျင်
အနှံ့ လှည့်ပတ်ကြည့်ကာ ထိတ်လန့်တကြား
​အော်ဟစ်လာ​တော့တယ် ။ -- --

တင်းယိ မှာ ဆွံ့ အ သွားရသည် ။
အခုအ​ခြေ​နေမှာ သူမ ကပဲ သူမ
အဝတ်စား​တွေကို ချွတ်​နေခဲ့တာမဟုတ်ဘူး
လား ၊ အဲ့ဒါကို ဘာဖြစ်လို့ သူ ( မ )က
​အော်ဟစ်​နေရတာတုန်း !!

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now