အခန်း - ၅၃
|| ဒီကိုလာခဲ့ - ၁ ||
တင်းယိ မှာ ထိတ်လန့်မှုကြောင့် မူးမေ့
လုနီးပါး ဖြစ်သွားရတယ် ။ဒါပေမဲ့ သူမ ရဲ့ ပြင်းထန်သည့် ရှင်သန်လို
စိတ်ပြည့်နှက်နေတဲ့ ဗီဇက အခုချိန်က
အဆင်ပြေတဲ့ အနေအထားမှာ မဟုတ်ဘူး
လို့ သတိပေးနေခဲ့သည် ။ ဘာမှပြော
မနေပဲ , ပြေးတော့ !တင်းယိ လှည့်ပြေးဖို့ ပြင်လိုက်သော်
ငြားလည်း သူမ ရဲ့ လက်မောင်းမှာ
ဖမ်းဆုပ်ခံထိလိုက်ရလေသည် ။သူမ မှာ တစ်လက်မလေးမှတောင် မလှုပ်ရှား
ရဲတော့ဘဲ ကြောက်ရွံ့ မှုကြီးက ကျောရိုး
တစ်လျှောက်ကို ပြေးတက်လာခဲ့တယ် ။
သူမ ကျောပြင်လေးမှာ အေးခဲတောင့်တင်း
နေပြီး နောက်ပြန်လှည့်ကြည့်ရန်ကိုပင်
ကြောက်နေမိလေ၏ ။အိုး ... ဘုရားသခင် , ငါ့ကို ကျေးဇူးပြုပြီး
တစ်ယောက်ယောက် ကယ်ပေးကြပါ ...
ဒီလူ .... ဒီလူက မူရင်း ဝတ္ထုဇာတ်လမ်း
က သွေးသန့်နတ်ဆိုး မုယွဲ့ ရှီး ပဲ !!ဒီ မုယွဲ့ ရှီး က ဆိုးဝါးတဲ့ အငွေ့ အသက်တွေ
ဖြာထွက်နေပြီး သူ့ မျက်လုံးတွေကတော့
အေးစက်ကာ ခံစားချက်ကင်းမဲ့နေပြီး
ဒဏ်ရာတွေကြောင့် သူ့ ရဲ့ ကြမ်းတမ်း
ရက်စက်သည့် အသွင်ပြင်မှာ ဖြူဖျော့နေ
လေသည် ။သူက တစ်စုံတစ်ရာ ကို သိရအောင်
ကြိုးစားနေပုံရပြီး အချိန်အနည်းငယ်
ကြာပြီးနောက်မှာတော့ မေးလာခဲ့တယ် :
" တင်းယိ လား ? "တင်းယိ အော်သာ ငိုချင်တော့တယ် ။
မဟုတ်ရပါဘူး , ငါ မဟုတ်ရပါဘူးနော်
အဲ့ဒါ့ကြောင့် ငါ့ ကို လွှတ်ပေးလို့ရမလားမုယွဲ့ ရှီး မှာ စိတ်ရှုပ်ထွေးနေပုံရကာ
တင်းယိ ၏ ကျောပြင်လေးကို မျက်ခုံးတွေကို
ပင့်ပြီး ဇဝေဇဝါဖြင့်သာ စိုက်ကြည့်နေလေ
သည် ။တင်းယိ ရဲ့ နှလုံးသား မှာ ရင်ဘတ်ထဲက
နေအပြင်ကို ခုန်ထွက်လုမတတ် ခုန်ပေါက်
နေပြီး သူမ လက်ဖဝါးတွေမှာလည်း ချွေးအေး
တွေကြောင့် စေးကပ်နေပြီဖြစ်ကာ သူမ
သေဆုံးနိုင်ခြေရှိတဲ့ နည်းလမ်းမှန်သမျှအား
စဥ်းစားနေပြီပဲဖြစ်တော့သည် ။
ŞİMDİ OKUDUĞUN
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomantizmTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...