uni- version
translator @kissmarry- Lulu.အခန်း - ၁၇
||အသက်ရှင်ဖို့အတွက်သရုပ်ဆောင်ကောင်းရမယ်
- ၂ ||လုလီဟုန် က ခပ်ဖျော့ဖျော့လေးပဲပြုံးလိုက်ပြီး
ထိုစကားကို စိတ်ထဲမထားသည့်နှယ်ပြောလာခဲ့
တယ် ;
" မိန်းကလေး က သတိရလာပြီဆိုတော့ အခြား
စိတ်ပူစရာတွေမရှိတော့ပါဘူး "သူက စကားပြောနေရင်းပဲ သိုလှောင်လက်စွပ်
ထဲကနေ ဆေးပုလင်းတစ်ဘူးအား ထုတ်ယူကာ
မုယွဲ့ ရှီး ကို ပေးလိုက်သည် ။ အဲ့ဒီ့နောက်မှာတော့
သူက စာကြောင်းနှစ်ကြောင်းကို ဂရုတစိုက်ပြော
ကာ ဆေးလုံးကို ချေဖျက်ရန် အတွက် တစ်စုံတစ်
ယောက်ကို ရှာခိုင်းခြင်းလည်းဖြစ်နိုင်လေသည် ။မုယွဲ့ ရှီး မှာ ဆေးပုလင်းလေး ကို, ကိုင်ထားရင်း
ခေါင်းငုံ့ထားကာ သူ့ နှုတ်ခမ်းကို ဖိကိုက်ထား
လေသည် ။ သူ၏ ပုံစံမှာ စိုးရိမ်နေပုံရပြီး ထွက်
သွားပေးရမည်ကို ငြင်းဆန်နေလေ၏ ။လုလီဟုန် က တင်းယိ ကို အပြုံးနှင့်ကြည့်လာတာ
ကြောင့် သူမ ချက်ချင်းပဲ အရိပ်အကဲ ကို နားလည်
လိုက်ပြီဖြစ်သည် ။ငါသိတယ် , ငါသိတယ် ၊ ဆရာသခင်က ငါ
နဲ့ နှစ်ယောက်တည်းပြောစရာရှိနေတာပဲ ။တင်းယိ မှာ အနည်းငယ် စိတ်လှုပ်ရှားနေတာ
ကြောင့် အတင်းအကျပ်လုပ်ယူပြုံးကာ ချဲ့ကား
ပြီးပြောလိုက်သည် -
" အာ ! နာကျင်တဲ့ ဒဏ်တွေပျောက်သွားတော့
ရုတ်တရက်ကြီး ဗိုက်ဆာလာသလိုပဲ ၊ ယွဲ့ ရှီး
နင် ငါ့ ကို ပေါင်မုန့်တချို့ ယူပေးလို့ရမလား ? "မုယွဲ့ ရှီး မှာ မျက်မှောင်လေးကြုတ်နေပြီး
အနည်းငယ် မကျေမနပ်ဖြစ်နေသော်လည်း နောက်ဆုံးမှာတော့ သူက နာနာခံခံနှင့်ပင် ထွက်သွားပေးလေသည် ။သို့သော်လည်း ကောင်လေး က အရမ်းကို သတိကြီး
နေပြီး တံခါးကို ရည်ရွယ်ချက်ရှိရှိပင် မပိတ်ခဲ့ဘဲ
ကျယ်ကျယ်လေးပင် ဟ,ထားခဲ့လေသည် ။
အခန်းထဲမှာ လှုပ်ရှားမှုတွေရှိခဲ့ရင် လှေကားထစ်
တွေအပေါ်က လူတွေက တစ်ချက်တည်းကြည့်ရုံ
ဖြင့် မြင်နိုင်လေတယ် ။
YOU ARE READING
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...