အခန်း - ၇၉ ||ငါ့ကိုအရင်လွှတ်ပေးလှည့်ပါဦး - ၂||

356 53 2
                                    


အခန်း - ၇၉

||ငါ့ကိုအရင်လွှတ်ပေးလှည့်ပါဦး - ၂||

“   ငါ  တကယ်ပဲ သူတို့နဲ့ အတူတူ
သွားချင်လိုက်တာနော်   ၊   ရတနာတွေ
လိုက်မရှာနိုင်ဘူးဆိုရင်တောင် ငါတို့
အတူတူ အချိန်ကုန်ဆုံးနိုင်မှာ , ငါက
တော့   အစ်ကိုမု နဲ့  ခရီးသွားချင်တယ် ၊
ငါ နဲ့ အတူ ဘယ်သူပါကြဦးမလဲ ?  ”
တစ်စုံတစ်ယောက်က တုံးအ ,စွာဖြင့်
သူတို့ ဆန္ဒကို ဖြည့်ဆည်းပေးရန်
မေးလာခဲ့သည်   ။

သို့သော်လည်း  သူမ နံဘေးမှ အခြား
မိန်းကလေး က ဖျောင်းဖျလာ
တယ်  :   “    ငါတို့ မလုပ်သင့်ဘူး
လို့တော့ ထင်တယ် ..... ငါ ကြားတာ
ကတော့  စီနီယာအစ်ကိုမု က မိန်းမ
တွေအပေါ် စိတ်ဝင်စားမှုမရှိဘူးတဲ့  ၊
သူ စိတ်မပျော်တဲ့အခါဆို  အရမ်း
ကြောက်စရာကောင်းတယ်တဲ့ .....  ”

တင်းယိ မှာ အံ့အားသင့်သွားရသည် ။

သူမ ရဲ့  လိမ္မာပြီးတော့ ပြောစကား
နားထောင်တတ်တဲ့  ချစ်စရာ ကလေး
လေးက  အခုလိုမျိုး လူတွေနဲ့ ဝေးဝေး
မှာ နေလိမ့်မယ်လို့ မမျှော်လင့်ထားမိ
ဘူးရယ်   !

ထိုအချိန်မှာပဲ အရပ်ရှည်တဲ့ မိန်းမလှလေး
က  မတ်တပ်ရပ်လိုက်သည် ။  သူမ ရဲ့
အေးစက်ပြီး လက်ရာမြောက်သည့်
မျက်နှာလေးက   အနည်းငယ်
စိတ်ကြီးဝင်နေပုံရပြီး လှောင်လာ
လေသည်  ။  “  အဲ့ဒါ နင်တို့တွေ
အသုံးမကျလို့လေ  ။  မကြိုးစား
ကြည့်ပဲနဲ့ ဘယ်လိုလုပ်သိနိုင်မှာလဲ ? ”

အခု စကားပြောသည့် မိန်းမငယ်လေး
မှာ အခြားသူမဖြစ်နိုင် ၊ ဝူကျိနန်းတော်
က အမျိုးသမီးတပည့်ခေါင်းဆောင်
ဟယ့်လျှိုယန်း သာ ဖြစ်သည်  ။

တင်းယိ  ,  သူမ  ( ဟယ့်လျှိုယန်း )
၏  ခါး၌ ချိတ်ဆွဲထားသည့် ငွေရောင်
ခေါင်းလောင်းကြိုးအား မမြင်တွေ့
သည်အထိ သူမကို  အထင်မကြီးမိ
သေးချေ  ။  သူမ ထိုအရာကို တွေ့ မြင်
ပြီးနောက်၌ တုံ့ပြန်နိုင်ခဲ့ပြီ --

မူရင်းဇာတ်လမ်းထဲမှာ  သူမ က
နတ်ဆိုးအရှင်မု ရဲ့ အမာခံ ပရိသတ်
တစ်ယောက်ဖြစ်ပြီး နောက်ဆုံးမှာ
စိတ်လွှတ်သွားခဲ့တဲ့ အမျိုးသမီး
အမြှောက်စာဇာတ်ကောင်လေးပဲ
ဖြစ်သည်  ။

အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now