အခန်း - ၆၆
||နင်ထပ်ပြီးတော့ ဇာတ်လိုက်ရဲ့ ဇာတ်ကွက်ယူ
သွားပြန်ပြီ - ၁ ||တင်းယိ ကပျာကယာပဲ မိန်းမငယ်လေး
အား ဆွဲကိုင်လိုက်ပြီး တင်းကျပ်နေသည့်
အသံဖြင့် မေးလိုက်သည် , " ရှောင်လိလိ
အဲ့အလှလေးက ဘယ်သူလဲ ? " " ဘယ်က
လာလဲဆိုတာ နင်သိလား ? "ရှောင်လိလိ ဆိုသည့် မိန်းကလေး မှာ
စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ပြန်ဖြေပေး
လာတယ် , " ကျွန်မလည်း မသိဘူး ။
ဒီတိုင်း သူများပြောတာတွေ ကြားမိတာ
ပြီးတော့ သူ့ ( မ )ကိုလည်း မတွေ့ ဖူးဘူး ၊
ဒါပေမဲ့ သူ ( မ )က အထက်တန်းလွှာက
မိန်းကလေးတစ်ယောက်ဖြစ်ဖို့များတယ်
အခုတော့ တောင်ထိပ်ရဲ့ ဘယ်ဘက်မှာ
ရှိတဲ့ သန့်စင်ခြင်းဆေးဂိုဏ်းမှာ တည်းခို
နေတယ် .... ကျွန်မ ပြောတာ နားထောင်
နေလား ? မမ တင်း ? "ဒါပေါ့ , တင်းယိ နားထောင်နေခဲ့သည် ။
သို့သော်ငြားလည်း သူမ အတွေးတွေက
တော့ အစွန်းရောက်နေပြီဖြစ်သည် ။
မုယွဲ့ ရှီး က မိန်းမလှလေး တစ်ယောက်
ကို ပြန်ခေါ်လာတယ်ဆိုတဲ့အတွေးက သူမ
အမူအရာတွေကိုတောင် ဆွံ့ အ သွားစေ
လေသည် ။သူမ ပစ္စည်းနှစ်ခုအား ကမန်းကတန်းပင်
နေရာချိန်းလိုက်ပြီး တံမြက်စည်း အား
ဆွဲကာ ပြန်ပြေးလာတော့တယ် ။" မမတင်း ဘာဖြစ်လို့လဲ ? သူ ( မ )
စိတ်ဆိုးသွားတာလား ? ရှားရှားပါးပါး
စိတ်ဆိုးသွားတာပဲ " ။ ရှောင်လိလိ က
အံ့အားသင့်နေဟန်ဖြင့် ပြောလာတယ် ။သူမ နံဘေးက တစ်ယောက်က : " အဲ့ဒါ
နင့် အကြောင်းမဟုတ်ဘူး ။ သွားကြရအောင်
ငါတို့တွေ မြန်မြန်ပြန်ရမယ် "တင်းယိ , သူမ ရဲ့ အသားရေမှာ ဆိုးဝါး
သလား ကောင်းမွန်နေသလား မသိ ။
ဘယ်လိုပဲဖြစ်ဖြစ် အခုချိန်မှာ သူမ နှလုံးသား
ထဲ၌ စိတ်မသက်မသာဖြစ်မှုကို ခံစားနေ
ရသည် ။ အကယ်၍သာ ဇာတ်ကွက်
ဖွံ့ ဖြိုးမှုအတိုင်းသာ လိုက်နာမယ်ဆိုလျှင်
မုယွဲ့ ရှီး ခေါ် လာခဲ့သည့် မိန်းကလေး က
မူရင်းဇာတ်လမ်းထဲက ဇာတ်လိုက်မ ဖြစ်
ပေလိမ့်မည် ။
YOU ARE READING
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomanceTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...