အခန်း - ၄၈|| တိတ်တဆိတ်ရန်ဖြစ် - ၂ ||

920 123 8
                                    

အခန်း - ၄၈

|| တိတ်တဆိတ်ရန်ဖြစ် - ၂ ||


ဇာတ်လိုက်​ရောင်ဝါ​တွေ နှင့် ပြည့်နှက်​နေတဲ့
ဒဏ်ရာရ​နေသူတစ်​ယောက်ကို အိမ်သို့
​ခေါ်​ဆောင်လာချိန်မှ စတင်၍ တင်းယိ ၏
​ရိုးရှင်းသည့် ​နေ့စဥ်ဓူဝ ဘဝ​လေးမှာ အနည်းငယ်
​တော့ အလုပ်ရှုပ်လာရသည် ။ သူမ မှာ
အိမ်နီးချင်းပတ်ဝန်းကျင်အား ဂရုတစိုက်ထား
၍ ​နေရ​သည် ။


ဇာတ်လိုက်​လေး မှာ မသက်သာ​သေး​ကြောင်း
သိ​သော်ငြားလည်း သူမ မှာ ထို မြင့်မြတ်
နုနယ်သည့် ကျန်း သခင်​လေး အား လုံ့လ
စိုက်ထုတ်ကာ ဂရုစိုက်ပြုစု​​ပေး​နေ​​​သေး​​လေသည် ။
သူမတို့က သူ့ ကို အိမ်​ထိရောက်​အောင် ​ခေါ်လာ
ပြီးမှ​တော့ မျက်နှာလွှဲခဲပစ်​တော့ မလုပ်နိုင်​ချေ ။

တင်းယိ မှာ သူမ ကိုယ် သူမ ဇာတ်လိုက်​လေး
နှင့် ရင်းနှီး​အောင် ကြိုးစား​လေ​လေ ,
မုယွဲ့ ရှီး ရဲ့ စိတ်အ​ခြေအ​နေမှာလည်း တစ်​နေ့
တခြား ပိုပြီး​တော့ ဆိုးရွား​လေပဲဖြစ်​နေ​တော့တယ် ။

ရက်အနည်းငယ်ကြာပြီး​နောက်မှာ​တော့
ကျန်းမို့ချန်း နိုးလာခဲ့သည် ။


အစတုန်းက​တော့ သူ့ ကိုယ် သူ နတ်ဆိုး​တွေ
လက်ထဲ ကျ​ရောက်သွားပြီလို့ ​တွေးထင်ခဲ့
တာ​ကြောင့် တင်းယိ ၏ ​စေတနာ ကို
အ​ကြောက်အကန် ငြင်းဆိုခဲ့ခြင်းဖြစ်​လေသည် ။
သူ ငြင်းဆို​ပေမဲ့လည်း လက်ရှိ ကြုံ​တွေ့
ထားရသည့် အ​ခြေအ​နေက ဆိုးဝါးလွန်းသဖြင့်
သူ့ အား တင်းယိ ပြုစု​စောင့်​ရှောက်
​ပေးခဲ့သည်မှာ အမှန်တရားပဲ ဖြစ်သည် ။

ဒါ​ကြောင့်ပဲ ကျန်း သခင်​လေး မှာ ရှက်ရွံ့ မှုကို
ခံစား​နေရ​တော့သည် ။


မုယွဲ့ ရှီး မှာ ကျန်းမို့ချန်း အတွက် ​ဆေး
ယူလာ​ပေးချိန်မှာ​တော့ မုယွဲ့ ရှီး က
ဟန်​ဆောင်​နေဆဲဖြစ်သည့် ကျန်းမို့ချန်း
အား အခွင့်​ကောင်းယူပြီး ဦးစွာ​ပြောလိုက်
သည် : " မင်း ​သေချင်​နေတယ်ဆိုရင်
သူ ( မ ) မမြင်​တွေ့ နိုင်တဲ့ ​နေရာတစ်ခုမှာ
သွား​သေ​ချေ "

တကယ့်လို့ သူသာ တင်းယိ ရဲ့ စိတ်ခံစား
ချက်​တွေကို ဂရုစိုက်မ​နေဘူးဆိုရင် ၊
မုယွဲ့ ရှီး , ကျန်းမို့ချန်း ကို သတ်ပြီး​နေ
​လောက်ပြီ ။


အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Où les histoires vivent. Découvrez maintenant